သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် နျူကလီးယားစွမ်းအင် အရာရှိနှစ်ဦး အာဖဂန်နယ်စပ်မှာ ပြန်ပေးဆွဲခံရ


ပါကစ္စတန်အနောက်မြောက်ပိုင်း အာဖဂန်နစ္စတန်
နယ်စပ်အနီးမှာ နျူကလီးယားစွမ်းအင် ကျွမ်းကျင်
သူနှစ်ယောက် ပြန်ပေးဆွဲခံထားရတယ်လို့
ပါကစ္စတန်ရဲက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒီရာ
အစ္စမေးလ်ခန်းခရိုင်မှာ အဲဒီပညာရှင်နှစ်ယောက်
ပုံမှန် ဘူမိကွင်းဆင်းလုပ်ငန်းများ လုပ်နေတုန်း
တနင်္လာနေ့က သေနတ်နဲ့တေ့ပြီး ဖမ်းဆီး
ခေါ်ဆောင်သွားခြင်းခံရတယ်လို့ ရဲက ရှင်းပြပါ
တယ်။

အဲဒီသေနတ်သမားတွေဟာ သူပုန်တွေလား၊ ရိုးရိုး
ရာဇဝတ်ကောင်တွေလားဆိုတာ မရှင်းသေးဘူးလို့ ရဲကပြောပါတယ်။

တချိန်တည်းမှာပဲ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ် တာရစ်အဇီဇူဒင်
(Tariq Azizuddin) အာဖဂန်မြို့တော် ကဘူးကို မော်တော်ကားနဲ့အသွား ကိုင်ဘာ
လူမျိုးစုဒေသမှာ ပျောက်သွားတာကိုလည်း ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှာဖွေနေကြပါတယ်။

သူ ဘေးအန္တရာယ်ကင်းစွာနဲ့ ပြန်လွတ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အာဖဂန်
သမ္မတ ဟာမစ်ကာဇိုင်း (Hamid Karzai) က ပြောပါတယ်။

တချိန်တည်းမှာပဲ ရှေ့သီတင်းပတ်အတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲအကြိုအဖြစ်
ပါကစ္စတန်နိုင်ငံမှာ လုံခြုံရေးတွေ ထောင်နဲ့ချီပြီး ချထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG