သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးကြောင်း စစ်အစိုးရကြေညာ၊  ဒေါ်အောင်ဆန်းစုကြည်ကို  ရွေးကောက်ပွဲ   ဝင်ခွင့်မပေး


မြန်မာစစ်အစိုးရက ဦးစီးကျင်းပ ရေးဆွဲနေတဲ့ ဖွဲ့စည်း
အုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲလာတာ ပြီးဆုံး
သွားခဲ့ပါပြီလို့ အခုည မြန်မာ့အသံ ရေဒီယိုထုတ်လွှင့်
ချက်တွေမှာ ဖော်ပြထားပါတယ်။ မူကြမ်းရေးဆွဲပြီးသွား
တဲ့အခါ နောက်လာမယ့် မေလကျရင် ပြည်သူလူထုရဲ့
ဆန္ဒခံယူပွဲမှာ အဲဒီမူကြမ်းကို အတည်ပြုရေးလုပ်မယ်၊
၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ်
ထပ်ကျင်းပမယ်လို့ မကြာခင်တုန်းကပဲ မြန်မာစစ်အစိုး
ရက ကြေညာထားတာပါ။

၁၉၉၀ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ စစ်အစိုးရကပဲ ဦးစီး ကျင်းပပေးခဲ့ပါတယ်။ အဲဒီတုန်းက အန်န်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့ အနိုင်
ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ဟာ အခုအချိန်အထိ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

မြန်မာစစ်အစိုးရကျင်းပခဲ့တဲ့ အမျိုးသားညီလာခံထဲမှာ အန်န်အယ်လ်ဒီပါတီက ပထမ
ပိုင်းမှာ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ နုတ်ထွက်သွားခဲ့ပါတယ်။

အခုလာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အန်န်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်တဦး
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးဘူးလို့
စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီကနေ့ စင်ကာပူ နိုင်ငံခြားရေး
ဝန်ကြီးကို ပြောဆိုတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ခွင့် မပေးရသလဲ
ဆိုရင် ၁၉၇၄ ခု အခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတဲ့သူ၊ နိုင်ငံခြားသားသမီးတွေ ရှိတဲ့သူကို ရွေးကောက်ပွဲဝင်ခွင့်မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG