သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားခေါင်းဆောင် ကတ်စထရို ရာထူးက အနားယူပြီ


သမ္မတ ဖီဒယ်လ်ကတ်စထရို (Fidel Castro)
ရဲ့ နုတ်ထွက်ပေးဖို့ ဆုံးဖြတ်ချက်ဟာ
ကျူးဘားကျွန်းနိုင်ငံလေးအတွက် ဒီမိုကရေ
စီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေမယ့် ခြေလှမ်းအစဖြစ်တယ်လို့ အမေရိကန်သမ္မတ
ဘုရှ် (Bush) က ပြောကြားလိုက်ပါတယ်။ ကျူးဘားနိုင်ငံရဲ့သမ္မတအဖြစ် နောက်
သက်တမ်းအတွက် လက်မခံတော့ဘူးလို့ မစ္စတာကတ်စထရိုရဲ့ ပြောကြားချက်ကို ဒီနေ့
အင်္ဂါနေ့မှာ ကျူးဘားရဲ့ ကွန်မြူနစ်ပါတီ
သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

အခုလို မစ္စတာကတ်စထရိုရဲ့ ထုတ်ဖော်ပြောကြားချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်
သမ္မတဘုရှ်ရဲ့ တုံ့ပြန်ချက်တွေကို အိမ်ဖြူတော်သတင်းထောက် စကော့တ် စတန်းစ်
(Scott Stearns) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက ဆက်လက်တင်ပြထားပါတယ်။

သမ္မတဘုရှ်က ကျူးဘားပြည်သူတွေ လွတ်လပ်မှုရဲ့အရသာကို သေသေချာချာ သိစေ
ဖို့အတွက် အမေရိကန်ပြည်ထောင်စုက ကူညီပါ့မယ်လို့ အခုလိုပြောပါတယ်။

“အခုလိုမျိုး ဖီဒယ်လ်ကတ်စထရို နုတ်ထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ကျူးဘားရဲ့ ဒီမိုကရေစီပြောင်းလဲရေးကာလ အစဖြစ်ပါတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပထမဦးဆုံးခြေလှမ်းအနေနဲ့ လုပ်ရမှာကတော့ အကျဉ်းထောင်တွေထဲမှာ ဖမ်းထားတဲ့
လူတွေကို လွှတ်ပေးဖို့ပါ။ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုတွေထဲက တချို့ကို ကျနော်တွေ့ခဲ့ရပါတယ်။ အတော်ကြေကွဲဖို့ကောင်းတဲ့ကိစ္စက ဒီလူတွေဟာ အမှန်
တရားကို ဖွင့်ပြောရဲတဲ့သတ္တိတွေ ရှိခဲ့ကြလို့ ထောင်ချခံခဲ့ကြရတာ ဆိုတာပါပဲ”

နှစ်ပေါင်း ၅၀ နီးပါး အာဏာချုပ်ကိုင်ထားတဲ့ ဖီဒယ်လ်ကတ်စထရိုရဲ့ နုတ်ထွက်ပေးမယ်
ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ သူ့ညီ ရာဟူးလ် (Raul) သမ္မတဖြစ်လာဖို့အတွက် လမ်းပွင့်
သွားမယ့်ပုံ ပေါ်ပါတယ်။ ရာဟူးလ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က သူ့အစ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့အချိန်ကစပြီး ယာယီသမ္မတအဖြစ် တာဝန်တွေကို ဆောင်ရွက်ခဲ့သူဖြစ်ပါ
တယ်။

အခုလို ကျူးဘားနိုင်ငံအတွက် အာဏာလွှဲပြောင်းပေးမယ့် အပြောင်းအလဲတွေ
ဖြစ်လာနေချိန်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တည်ငြိမ်မှုကို တိုးတက်စေမယ့်
မူဝါဒတွေကို ချမှတ်သင့်တယ်လို့ တချို့က ပြောနေကြပါတယ်။ သမ္မတဘုရှ်ကတော့ တကယ်တမ်းပြန်ကြည့်ရင် ကျူးဘားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အခုထိ
ထောင်ထဲမှာ ရှိနေသေးတာအပြင် လူထုအခြေအနေကိုကြည့်ရင်လည်း ကဏ္ဍ
အတော်များများမှာ ချွတ်ခြုံကျနေတာမို့ ရင်နင့်စရာတွေ့ရတယ်လို့ အခုလို
ပြောပါတယ်။

“နောက်ဆုံးမှာတော့ ကျူးဘားနိုင်ငံရဲ့ အခုအပြောင်းအလဲကာလဟာ လွတ်လပ်ပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့ ဦးတည်လာတာပါ။ ကျနော်ဆိုလို
တာက လွတ်လပ်တဲ့ရွေးကောက်ပွဲပါ။ တရားမျှတတဲ့ ရွေးကောက်ပွဲပါ။ ကတ်စထရိုတို့ ညီအစ်ကိုတွေလုပ်နေတဲ့ အမှန်အကန် ဒီမိုကရေစီဟန်ဆောင်ပြီး ညာချနေတဲ့
ရွေးကောက်ပွဲ မဟုတ်ပါဘူး”

အမေရိကန်သမ္မတဟာ အခု အာဖရိက ၅ နိုင်ငံ ခရီးထွက်နေရာမှာ တတိယနိုင်ငံ
အဖြစ် ရဝမ်ဒါနိုင်ငံကိုရောက်နေတုန်း အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ရဝမ်ဒါ
သမ္မတ ပေါလ်ကာဂါမီ (Paul Kagame) နဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ သတင်း
ထောက်တွေက ကျူးဘားခေါင်းဆောင် ကတ်စထရိုရဲ့ နုတ်ထွက်မယ့်ဆုံးဖြတ်ချက်ကို
အမေရိကန်ပြည်ထောင်စုက ဘယ်လိုခံယူသလဲလို့ သမ္မတဘုရှ်ကို မေးခဲ့ကြပါတယ်။
သမ္မတဘုရှ်က ကျူးဘားနိုင်ငံသားတွေအနေနဲ့ ဘယ်လိုအဓိပ္ပာယ်ရှိမယ်၊ ဘယ်လို
ခံယူမလဲလို့သာ မေးသင့်တယ်လို့ အခုလိုပြန်ပြောပါတယ်။

“ဒီကျူးဘားနိုင်ငံသားတွေပဲ ကိုယ့်ယုံကြည်ချက်တွေကို ဖွင့်ပြောမိကြလို့ ထောင်ထဲမှာ အကျဉ်းချခံနေကြရတာပါ။ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် လွတ်လွတ်
လပ်လပ် သူတို့ဟာ မပြောရ၊ မဆိုရ၊ မနေရဘဲနဲ့ ထောင်ထဲမှာ နေနေရတာဟာလည်း ကျူးဘားပြည်သူတွေပါပဲ”

ကျူးဘားနိုင်ငံမှာ လွှတ်တော်သစ်တရပ်အတွက် လာမယ့်ဇန်နဝါရီလမှာ ရွေးကောက် တင်မြှောက်ကြမှာဖြစ်ပြီး အသစ်တင်မြှောက်မယ့် သမ္မတ အပါအဝင် ကျူးဘား
အုပ်ချုပ်ရေးကောင်စီဝင်တွေကို ရွေးချယ်ဖို့အတွက် တနင်္ဂနွေနေ့မှာ ပထမဆုံး
အစည်းအဝေးခေါ်ယူမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG