သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲ အတိုက်အခံ အလားအလာကောင်း


မနေ့ကပြုလုပ်တဲ့ ပါကစ္စတန်ရွေးကောက်ပွဲ လတ်တလောရလဒ်တွေအရ အတိုက်အခံ
ပါတီတွေက အားကောင်းနေပြီး သမ္မတ
မူရှာရက်ဖ်ကို ထောက်ခံသူတွေကတော့ အလားအလာမကောင်း ဖြစ်နေပါတယ်။
ဘနာဇီရာဘူတို (Benazir Bhuto) ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီနဲ့ မစ္စတာ နာဝပ်ဇ်
ရှရစ်ဖ် (Mr. Nawaz Sharif) ရဲ့ ပါကစ္စတန်
မွတ်ဆလင် လိဂ် - အန် (Pakistan Muslim
League-N) တို့က မဲတွေရနေကြတယ်လို့
သမ္မတ မူရှာရက်ဖ်ကို ထောက်ခံတဲ့ပါတီ
မွတ်ဆလင် လိဂ် - ကျူ (Muslim League Q) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ
တာရစ်က် အဇင်းမ် (Tariq Azeem) က ပြောဆိုပါတယ်။

သမ္မတ မူရှာရက်ဖ်ကို ထောက်ခံတဲ့ အဓိက ပါတီဥက္ကဋ္ဌဟာ တနင်္လာနေ့ ရွေးကောက်ပွဲ
မှာ ရှုံးနိမ့်သွားတယ်လို့ ပါကစ္စတန်မီဒီယာတွေက ဆိုကြပါတယ်။ မီးရထားဝန်ကြီး
မစ္စတာ ရှိတ်က် ရာရှစ် အာမက် (Sheikh Rashid Ahmed) ဟာလည်း ပန်ဂျပ်ပြည်နယ်
မှာ ရှုံးနိမ့်သွားပါတယ်။

အာဏာရ မွတ်ဆလင်လိဂ်-ကျူ ပါတီရဲ့ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ချောက်ဒရီ
ရှူဂျပ်တ် ဟူစိန် (Chaudhry Shujaat Hussain) ကို ဘနာဇီရာဘူတိုရဲ့ ပါကစ္စတန်
ပြည်သူ့ပါတီ အမတ်လောင်းက အနိုင်ယူသွားတာ ဖြစ်ပါတယ်။ အတိုက်အခံက ကောင်းကောင်းဆောင်ရွက်သွားနိုင်ပါတယ်လို့ အာဏာရပါတီအရာရှိတွေက ပြောဆို
ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အတည်မပြုမီ ရလဒ်တွေက တရားမဝင်သေးပါဘူး။ ရွေးကောက်ပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားတဲ့အတွက် ပါကစ္စတန်ပြည်သူတွေ စိတ်အေးသွားကြပါတယ်။ ဒါပေမယ့် မဲရေတွက်တဲ့ ဖြစ်စဉ်အပေါ်ကိုတော့ သံသယ
တွေရှိ၊ တင်းမာနေကြဆဲပါပဲ။ ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်သူတွေက
သက်ဆိုင်ရာက မဲအရေအတွက်ကို တရားဝင်ထုတ်ပြန်မယ့် ဗုဒ္ဓဟူးနေ့အထိ
စောင့်ကြည့်ကြမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်ရဲ့ ရှစ်နှစ်တာ စစ်အစိုးရကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းဖို့
ရည်ရွယ်တဲ့ ယခုရွေးကောက်ပွဲမှာ မဲပေးသူဦးရေဟာ လွန်ခဲ့တဲ့ ၆ နှစ်ကထက် လျော့သွားဟန်ရှိပါတယ်။ အဲဒီတုန်းကတော့ မဲပေးဖို့ မှတ်ပုံတင်ထားသူတွေရဲ့
၄၀ ရာခိုင်နှုန်းက မဲရုံကိုသွားခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG