သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်မပေးနိုင် ဆိုသည့်အပေါ် စစ်အစိုးရနှင့် ဂမ်ဘာရီ ဆွေးနွေးမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်
ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဘရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) က မတ်လအစော
ပိုင်းမှာ မြန်မာစစ်အစိုးရကနေ သူ့ကို မြန်မာနိုင်ငံ
ဖိတ်ကြားပြီး လာမယ့်ရွေးကောက်ပွဲကိစ္စ ဆွေးနွေး
ပြောဆိုဖို့ ပြင်ဆင်ထားတယ်လို့ သူယူဆတဲ့
အကြောင်း ပြောသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရောက်နေတဲ့ မစ္စတာ အီဘရာ
ဟင်မ် ဂမ်ဘာရီရဲ့ အခုလို ပြောဆိုချက်ကို အင်ဒို နီးရှားနိုင်ငံမြို့တော် ဂျကာတာကနေ ဗွီအိုအေ
သတင်းထောက် နန်စီ အမာလီယာကောလင်း
(Nancy-Amelia Collins) က သတင်းရေးသားပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ယှဉ်ပြိုင်ခွင့် ပေးမှာမဟုတ်ဘူးလို့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံကိုကိုင်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်
ဝင်းက တနေ့ကပဲ ထုတ်ပြောခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံတောင် အတည်ပြုရသေးတာ
တော့ မဟုတ်ပါဘူး။ ဒါ့အပြင် အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်
ပိတ်ပင်တယ်ဆိုတဲ့ကိစ္စကိုတော့ သူ့အနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးသွားရလိမ့်
မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီက အခုလို ပြောခဲ့ပါ
တယ်။

“ဒါဟာ မြန်မာအာဏာပိုင်တွေနဲ့ ကျနော် ဆွေးနွေးပြောဆိုလိုတဲ့ အကြောင်းအချက်
တခုပါ။ အာဏာပိုင်တွေကလည်း ကျနော့်ကို မြန်မာနိုင်ငံကို ဖိတ်ခေါ်ဖို့ ပြင်ဆင်နေပြီ
လို့ ယုံကြည်ပါတယ်။ အခု မတ်လ ပထမပတ်အထဲမှာဖြစ်လာမယ်လို့ မျှော်လင့်ရပါ
တယ်” လို့ မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီက ပြောခဲ့တာပါ။

မစ္စတာဂမ်ဘာရီဟာ အခု အာဆီယံနိုင်ငံတွေကို ခရီးလှည့်လည်သွားနေစဉ် အင်ဒို
နီးရှားနိုင်ငံ ဂျကာတာမှာရောက်တုန်း မနေ့ ဗုဒ္ဓဟူးနေ့က အခုလို မှတ်ချက်ပေး
ပြောသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှု၊ တွန်းအားပေးမှုတွေကိုရဖို့ အခုလို သူ ခရီးလှည့်
လည်နေတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ စစ်အစိုးရကလုပ်ပေးမယ့် လာမယ့်
ရွေးကောက်ပွဲအစား ယခင် စစ်အစိုးရကိုယ်တိုင်လုပ်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ
ရလဒ်ကို လေးစားလိုက်နာဖို့ကိုပဲ တောင်းဆိုနေပါတယ်။

မစ္စတာဂမ်ဘာရီကလည်း စစ်အစိုးရအနေနဲ့ သူ့ပြည်သူတွေရဲ့ အခွင့်အရေးကို
လေးစားရမယ်လို့ ပြောပါတယ်။

“ကျနော်တို့မြင်ချင်တာက ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့၊ ညီညွတ်တဲ့၊ တည်ငြိမ်တဲ့၊ အလား
အလာကောင်းတဲ့ မြန်မာနိုင်ငံ ဖြစ်စေချင်တာပါ။ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို
အပြည့်အဝလေးစားလိုက်နာပြီး ဒီမိုကရေစီလမ်းကြောင်းကို သွားတာမြင်ချင်ပါတယ်”
လို့ မစ္စတာဂမ်ဘာရီက သတင်းထောက်တွေကို ပြောခဲ့တာပါ။

မြန်မာ့အိမ်နီးချင်းအတော်များများကတော့ အခု စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲကို အပြု သဘောခြေလှမ်းလို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိလာပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ
ဆိုရင်တော့ မြန်မာနိုင်ငံက ဆန္ဒခံယူပွဲတွေအတွက် သူတို့အနေနဲ့ လိုအပ်တာ အကူ အညီပေးသွားမယ်၊ မြန်မာနိုင်ငံကို ပိုမိုထိစပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး
ကိုယ်တိုင် ဒီကနေ့ပဲ ထုတ်ပြောလာပါတယ်။ မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေးလို့
ဆိုပေမယ့် မြန်မာနိုင်ငံပြဿနာဟာ ထိုင်းနိုင်ငံကိုလည်း ရိုက်ခတ်တာကြောင့် အခုလို မြန်မာနိုင်ငံကိစ္စကို ထိုင်းအနေနဲ့ ထဲထဲဝင်ဝင် ကူညီဆောင်ရွက်သွားလိုတာဖြစ်တယ်
လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပတ်တမာ (Noppadon Pattama) က
ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG