သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲကို လွတ်လပ်သည့်အကဲခတ်အဖွဲ့ ထားခွင့်ပြုရေး ၀ါရင့်အဖွဲ့က တောင်းဆို


မြန်မာစစ်အစိုးရက အများပြည်သူလူထုက မျှော်လင့်ထားတာတွေကို ပစ်ပယ်ပြီး
လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေကို အတင်းအကျပ်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ၀ါရင့် နိုင်ငံရေးသမားဟောင်းကြီးတွေက ပြောလိုက်ပါတယ်။ စစ်အစိုးရက ထုတ်ပြန်လိုက်
တဲ့ ကြေညာချက်အမှတ် ၁/ ၂၀၀၈၊ ၂/၂၀၀၈ နဲ့ပတ်သက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီး
တွေက မြန်မာစစ်အစိုးရကို အကြံပြုစာတစောင်ကို ဒီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ပေးပို့
လိုက်ပါတယ်။ ဒီလိုအကြံပြုတာဟာ ပြည်သူလူထုလက်မခံရင် ကန့်ကွက်မှုတွေ၊ ဆန္ဒပြ
ပွဲတွေ ထပ်ဖြစ်ပေါ်လာမှာစိုးလို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်း အခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ အရေးပါတဲ့ အကြံပြုချက်ကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာမိသားစုရဲ့ တိုက်တွန်းကြိုးပမ်းမှုနဲ့ ပြည်သူလူထုအများစုရဲ့ မျှော်လင့်ချက်တွေကို
ပစ်ပယ်ပြီး လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို အတင်းအကျပ် အလျင်စလို ဆောင်
ရွက်မယ်ဆိုရင် မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို
ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို
အလေးအနက်ထား စဉ်းစားဆောင်ရွက်ဖို့ မေတ္တာရပ်ခံထားတာဖြစ်တယ်လို့ ဆိုပါ
တယ်။

ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ သခင်ချန်ထွန်းက အခုလို အကြံပြုတင်ပြရတာဟာ
မြန်မာပြည်မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့်လို့ ပြောပါ
တယ်။

“အမှန်ကတော့ ကန့်ကွက်မှုတွေ၊ ဆူပူမှုတွေ ပေါ်လာနိုင်တယ်လို့ မြင်တာပေါ့။
ဒါကြောင့် သေသေချာချာ တွေ့ဆုံဆွေးနွေးပြီးတော့မှသာ ဖြေရှင်းပါဆိုပြီး ဘဘတို့က အကြံဉာဏ်ပေးပြီး ထုတ်လိုက်တာပါ”

ဝါရင့်နိုင်ငံရေးသမားကြီးတွေဟာ မြန်မာစစ်အစိုးရကို မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မတူညီတဲ့ အင်အားစုတွေနဲ့ အမျိုးသားတွေ
အကြားမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၁၉၉၅ ခုနှစ်တည်းက စတင်တိုက်တွန်းခဲ့တာ
ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးဖို့ မေတ္တာရပ်ခံတာကို လက်မခံဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတမှုရရှိရေး
အတွက် ၀ါရင့်နိုင်ငံရေးသမားကြီးတွေက အခုလို ဆက်လက်တိုက်တွန်းထားပါတယ်။

“ဆန္ဒပေးရမည့် ပြည်သူလူထုများထံ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆောလျင်စွာ
ဖြန့်ချိဝေငှ၍ လုံလောက်သည့်အချိန်ပေး လေ့လာနိုင်ခွင့် ရရှိစေရန်၊ ဆန္ဒမဲပေးနိုင်ခွင့်
ရှိသူများကို စနစ်တကျ တတိုင်းပြည်လုံး အတိုင်းအတာဖြင့် တာဝန်ရှိသူများက ပြုစု
ကြေညာပေးရန်၊ ဆန္ဒမဲပေးသူများအနေဖြင့် လျှို့ဝှက်၍ လွတ်လပ်စွာ မဲပေးနိုင်မည့်
အစီအစဉ်များကို မဲရုံများ သီးခြားဆောက်၍ ဆောင်ရွက်ပေးရန်၊ မိမိတို့ဆန္ဒအစစ်
အမှန်ကို လွတ်လပ်စွာပေးနိုင်ရေးအတွက် ဆန္ဒမဲရုံ ကြီးကြပ်သူများ၊ မဲရုံစောင့်များက
စနစ်တကျ ကူညီဆောင်ရွက်ပေးကြရန်၊

“ဆန္ဒခံယူပွဲ ကျင်းပမှုကို ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံတကာ လေ့လာသူများ
နှင့် သတင်းသမားများကို လေ့လာခွင့်ပြုရန်၊ ဆန္ဒမဲပေးသူများ ကြောက်ရွံ့စိုးရိမ်မှုမရှိဘဲ
လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီက ထုတ်ပြန်ခဲ့သည့် ၅/၉၆ ဥပဒေကို ရုပ်သိမ်းပေးရန်၊ ဤဥပဒေက ကန့်သတ်ဆန္ဒမဲပေးသူများကို ကြီးလေးသောအပြစ်ဒဏ်များ ချမှတ်နိုင်သောကြောင့်
ရုပ်သိမ်းပေးရန် လိုအပ်ပါသည်၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ဆန္ဒမဲပေးနိုင်ရေး
အတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် အခြားအကျဉ်းသားများ
ကိုလည်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးကိုလည်း စီစဉ်ပေးရန်၊ ဤအချက်များ
အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက လွတ်လပ် တရားမျှတသော ဆန္ဒခံယူပွဲ မဖြစ်နိုင်
မည်ကို စိုးရိမ်ပူပန်သဖြင့် ပန်ကြားရခြင်း ဖြစ်ပါသည်”
ဝါရင့်နိုင်ငံရေးသမားကြီးတွေ အကြံပြုတာကို သခင်ချန်ထွန်း ဖတ်ပြတာ ဖြစ်ပါတယ်။

ဒီအကြံပြုချက်တွေကို အစိုးရက ပစ်ပယ်မယ်ဆိုရင် သူတို့ဦးဆောင်ကျင်းပမယ့်
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မြန်မာပြည်သူတွေကသာမကဘဲ နိုင်ငံတကာကပါ အသိအမှတ်ပြုနိုင်မှာမဟုတ်ဘူးလို့ ဆက်လက်သုံးသပ်ပါတယ်။

ဒီကြေညာချက်ကို မြန်မာပြည်လွတ်လပ်ရေး လှုပ်ရှားမှုကာလတွေကတည်းက နိုင်ငံ
ရေးမှာပါဝင်ခဲ့သူ နိုင်ငံရေးသမားကြီး ၁၅ ယောက်က စုပေါင်းထုတ်ပြန်လိုက်တာ
ဖြစ်ပါတယ်။ အခုလိုထုတ်ပြန်လိုက်တာဟာ မြန်မာပြည်ကောင်းကျိုးအတွက် တဖက်
တလမ်းက ပါဝင်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG