ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိဒ်မြို့တော်မှာ ဆန္ဒပြတဲ့လူတချို့က ဘဲလ်ဂရိဒ်မြို့တော်မှာ
ရှိတဲ့ အမေရိကန်သံရုံးကို ကြာသပတေးနေ့
ညနေပိုင်းက ၀ိုင်းဝန်းတိုက်ခိုက်ကြပါတယ်။ သံရုံးအဆောက်အဦ အစိတ်အပိုင်းတချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ကိုဆိုဗိုလွတ်လပ်
ရေးကို ဆန့်ကျင်ပြီး ဆန္ဒပြသူ တသိန်း
ငါးသောင်းလောက် ဘဲလ်ဂရိဒ်မြို့တော်မှာ စုရုံးခဲ့ပြီးတဲ့နောက် အခုလို အမေရိကန်သံရုံး
ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေ
သတင်းထောက် Stefan Bos သတင်းပေးပို့
ထားတာကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။
ဒေါသတကြီးနဲ့ အမေရိကန်သံရုံးကို တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းရဲ
တွေက တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဆန္ဒပြသူတွေက သံရုံးကို မီးရှို့ဖျက်ဆီးတိုက်ခိုက်
ခဲ့တဲ့အတွက် အနည်းဆုံး သံရုံးထဲမှာရှိတဲ့ အဆောက်အဦးတခု မီးလောင်ပျက်စီးသွားခဲ့
ပါတယ်။
ကိုဆိုဗိုဒေသ အယ်လ်ဘေးနီးယန်းလူမျိုးစုအများစု အစိုးရက လွတ်လပ်ရေးကြေညာ
လိုက်တာကို ဆန္ဒပြခဲ့ကြတဲ့ လူအုပ်ကြီးထဲက တချို့က ခွဲထွက်ပြီး အခုလို အမေရိကန်
သံရုံးကို တိုက်ခိုက်ခဲ့တာပါ။
သံရုံးကိုတိုက်ခိုက်တဲ့သူ တော်တော်များများက မျက်နှာဖုံးတွေ ၀တ်ထားကြပါတယ်။ အဆောက်အဦးတွေကို မီးလောင်ဗုံးတွေ ကျောက်ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ
တယ်။ အမေရိကန်သံရုံးကို ဒီသီတင်းပတ် စောစောပိုင်းကတည်းက ပိတ်ထားခဲ့တာ
ဖြစ်ပြီး ပိတ်ထားတဲ့သံရုံးကို တိုက်ခိုက်ခဲ့ကြတာပါ။
မျက်မြင်သက်သေတွေအပြောအရ အနည်းဆုံး လူတယောက် သံရုံးရဲ့ ပထမထပ်ကို
တက်သွားပြီး အမေရိကန်အလံကို အလံတိုင်ကဆွဲဖြုတ်ပြီး ဆားဘီးယားအလံကို
အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေ အဆောက်အဦးကိုရောက်လာပြီး ဆန္ဒပြသူ
တွေကို မနှိမ်နင်းခင်မှာ ဆန္ဒပြတဲ့သူတွေက အမေရိကန်အလံကို မီးရှို့ဖျက်ဆီးခဲ့ပါ
တယ်။
ကိုဆိုဗိုရဲ့ မကြာသေးခင်က လွတ်လပ်ရေးကြေညာချက် ထွက်လာပြီးတဲ့နောက် အမေ ရိကန်ပြည်ထောင်စုနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေက ကိုဆိုဗိုလွတ်လပ်ရေးကို အသိ
အမှတ်ပြုခဲ့ပါတယ်။ ဒီလို လွတ်လပ်ရေးကြေညာတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဘဲလ်ဂရိတ်ဒ်မြို့တော်မှာ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြတဲ့သူတွေထဲက တချို့က အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်မှုတွေ အဆုံး
သတ်ဖို့ တောင်းဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
နောက်ဆုံးရတဲ့သတင်းတွေအရ အမေရိကန်သံရုံးထဲမှာ မီးလောင်ထားတဲ့ အလောင်း တလောင်းကိုတွေ့ရပြီး သံရုံးနဲ့ပတ်သက်တဲ့ ၀န်ထမ်းတွေအားလုံး ထိခိုက်မှုမရှိတာ
ကြောင့် ဆန္ဒပြသူတွေထဲက ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။