သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ဖို့ ပြောဆိုတာတရားမဝင်


မြန်မာစစ်အစိုးရက မကြာခင်နှစ်တွေအတွင်း
ကျင်းပပေးမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
ပါဝင်ခွင့်မပေးနိုင်ဘူးလို့ မြန်မာစစ်အစိုးရ နိုင်ငံ
ခြားရေးဝန်ကြီးက ပြောဆိုလိုက်တာဟာ တရား
ဝင်မှုမရှိဘူးလို့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင်
ဒီလို ဒီလိုပြောဆိုလိုက်တာဟာ အမျိုးသားပြန်လည်
သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို ထိခိုက်နိုင်တယ်
လို့လည်း သတိပေး ပြောဆိုလိုက်ပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်
မေးမြန်း တင်ပြပေးထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်အတွင်းက တွေ့ဆုံ
တုန်း မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ၂၀၁၀ ခုနှစ်ကျင်းပမယ့်
ရွေးကောက်ပွဲတွေမှာ ဝင်ခွင့်မပြုတဲ့အကြောင်း ပြောဆိုလိုက်တဲ့အပေါ် အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က တုံ့ပြန်ပြောဆိုလိုက်တာပါ။ နိုင်ငံခြားသားတဦးနဲ့ အိမ်ထောင်ဘက်ဖြစ်သူ၊ မြန်မာနိုင်ငံသားမဟုတ်တဲ့ သားသမီးတွေရှိသူ
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၇၄ ခု အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ခွင့် မပြုနိုင်
တာလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်ယိုး (George Yeo) နဲ့ ဆွေးနွေးရာမှာ
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုလိုက်တာပါ။ ဒီလို အခြေခံဥပဒေကို ကိုးကားပြောဆိုလိုက်ပေမယ့် ဒါတွေဟာ တရားဝင်မှုမရှိဘူးလို့ အန်န်အယ်လ်ဒီ
ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ မပါရဘူး၊ ပါခွင့်မပြုဘူး ဆိုတာနဲ့ပတ်သက်ပြီး ဒီဥစ္စာ ဥပဒေနဲ့လည်း မညီဘူး၊ တရားဝင်လည်း မဟုတ်ဘူးဆိုတဲ့
အကြောင်း ကြေညာချက်ထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က By Pass ပေ့ါ၊
Born Citizen ပေါ့။ သူက မွေးကတည်းကိုက နိုင်ငံသားပါ။ ဖခင်ကလည်း သိရှိပြီးဖြစ်
တဲ့အတိုင်း တိုင်းပြည်ရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမိ
ဒေါ်ခင်ကြည်တို့က မွေးဖွားလာတဲ့ မွေးရာပါ နိုင်ငံသားတဦး ဖြစ်ပါတယ်။

“ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ခွင့်မရှိဘူးလို့ ပြောဆို
ခြင်းဟာ ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း နိုင်ငံရေးအရ ထိုးနှက်ချက်ပဲ။ လက်ရှိ
အားဖြင့်လည်း ဒီလိုပြောဖို့ တရားဝင်အခွင့်အရေး မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရှိသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိ
သေးဘူး။ ဒီအခြေအနေမှာ ပြောကြားခြင်းဟာ မသင့်တော်ဘူး။ ဒါ ပုဂ္ဂိုလ်ရေးနဲ့
နိုင်ငံရေးအရ ပြောဆိုနေခြင်း ဖြစ်ပါတယ်”

ဒီလို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ တရားဝင်မှုမရှိရုံသာ
မက အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ရာရောက်တယ်၊ အမျိုးသားပြန်လည်
သင့်မြတ်ရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ဦးဉာဏ်ဝင်းက သတိ
ပေး ပြောဆိုပါသေးတယ်။

“နောက်တခုက ဒီလိုခွဲခြားခြင်းမျိုးကို လူ့အခွင့်အရေးကြေညာစာတမ်းမှာလည်း လက်
မခံပါဘူး။ ဒီလိုပြောကြားခြင်း၊ ဒီလိုဆောင်ရွက်ခြင်းဟာလည်း လူ့အခွင့်အရေး ကြေညာစာတမ်းတွေကို ဖောက်ဖျက်နေတာ ဖြစ်နေတယ်။ လက်ရှိအားဖြင့် ဗိုလ်ချုပ်
အောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က နိုင်ငံအတွက်၊ ပြည်သူအတွက် စကား ပြောဆိုနေတဲ့အချိန်မျိုးမှာ ဒီလို မပြောသင့် မပြောထိုက်တဲ့စကားတွေကိုပြောတာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေ
တယ်လို့ ကျနော်တို့ ကြေညာချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်”

အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်ရွယ်ပြီး မြန်မာစစ်အစိုးရရဲ့ ဆက်သွယ်ရေး
ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အန်န်အယ်လ်ဒီတို့အကြား ဆွေးနွေး နေတာတွေဟာလည်း ကြိုးကြားကြိုးကြား ဆိုသလိုသာ ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့လထဲ
က နောက်ဆုံးတွေ့ဆုံခဲ့ကြတာပါ။ ဒီလို စကားပြောဆိုမှုတွေရဲ့ နောက်ဆုံးအခြေအနေ
တွေ ဘယ်လိုရှိပါသလဲ။

“ကျနော်တို့ကတော့ နောက်ဆုံးတွေ့ခဲ့တာ ဇန်နဝါရီလ ၃၀ ရက်နေ့က။ ဒီကြားထဲမှာ
နောက်ထပ် ဖြစ်ပေါ်တိုးတက်မှု ဘာရှိသလဲဆိုတာ ကျနော်တို့ မသိဘူး။ ဒါကြောင့်
တိုးတက်မှု တစုံတရာရှိသလားဆိုရင် ကျနော်တို့က သိခွင့်မရှိတဲ့အတွက် အခုအချိန်
မှာ ဘာမှပြောလို့မရသေးပါဘူး”

အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားခဲ့တာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်မပြုနိုင်ဘူးဆိုပြီး နိုင်ငံခြားရေးဝန်ကြီး
ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အထူးအကြံပေး
ပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီကလည်း ရှေ့လထဲ မြန်မာနိုင်ငံသွားရောက်တဲ့အခါ
ဆွေးနွေးမယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG