နယူးဇီလန်နိုင်ငံရဲ့ နိုင်ငံပိုင်ဆက်သွယ်ရေးကုမ္ပ
ဏီက မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်းတာဝါတိုင်
များ တပ်ဆင်ရေးအလုပ်အတွက် စာချုပ်
ချုပ်လိုက်တာဟာ ဒီမိုကရေစီရေးအတွက် ကူညီ
ရာတောင် ရောက်ကောင်းရောက်နိုင်ပါတယ်လို့
နယူးဇီလန်ဝန်ကြီးချုပ် ဟယ်လင်ကလာ့က်
(Helen Clark) က ပြောလိုက်ပါတယ်။
အတိုက်အခံကတော့ နယူးဇီလန်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ကူညီနေတာဖြစ်တယ်လို့
ဆိုပါတယ်။ နေရှင်နယ်ပါတီက မြန်မာစစ်အစိုးရ
ဟာ ကမ္ဘာမှာ အငြင်းပွားစရာ အရက်စက်ဆုံး၊ အဖိနှိပ်ဆုံးအစိုးရ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်၊ ဒီအလုပ်ကန်ထရိုက်က ဒီမိုကရေစီကို အထောက်အကူ
တရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကို သတင်းတွေ၊ ဓာတ်ပုံတွေရောက်ဖို့က အဲဒီနည်းပညာကတဆင့် ရောက်ရတာမို့ပါပဲလို့ ၀န်ကြီးချုပ် ဟယ်လင်ကလာ့က်က ထင်မြင်ပါတယ်။
ကန်ထရိုက်စာချုပ်မချုပ်မီမှာ ဘယ်လို ကုန်သွယ်မှုပိတ်ဆို့ အရေးယူတာတွေ မြန်မာ
ပြည်အပေါ်ရှိသလဲ ဆန်းစစ်ခဲ့ကြောင်း၊ ပိတ်ဆို့အရေးယူထားတာ မရှိသေးကြောင်း၊ ကုလသမဂ္ဂကလုပ်ရမယ့် ဦးဆောင်မှုအလုပ်ကို နယူးဇီလန်နိုင်ငံတော်ပိုင် ဆက်သွယ် ရေးကုမ္ပဏီဖြစ်တဲ့ ကော်ဒီးယား (Kordia) က ၀င်လုပ်ဖို့အကြောင်းမရှိကြောင်း၊ နယူး
ဇီလန် ဆက်သွယ်ရေးဝန်ကြီး ထရီဗွာ မဲလ်လာ့ဒ် (Trevor Mallard) က ပြောကြား
သွားပါတယ်။
ကော်ဒီးယားကုမ္ပဏီဟာ အဲဒီအလုပ်ကိုလုပ်ဖို့ ထိုင်းကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်တာပါ။ အလုပ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၆၂,၄၀၀ ဖိုးပဲ ရှိပါတယ်။
နယူးဇီလန်နိုင်ငံမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုနိုင်ကိုကို
ကတော့ လက်ကိုင်ဖုန်းတာဝါတိုင်တွေဟာ မြန်မာစစ်အစိုးရက လူထုအပေါ် ဖိနှိပ်တာ
တွေကို ကူညီရာရောက်လိမ့်မယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ရမယ့်
အချိန် မဟုတ်သေးဘူးလို့ သူကဆိုပါတယ်။