သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်း ပြည်နယ်စုံ ပဏာမရွေးကောက်ပွဲ အကြိတ်အနယ် ကျင်းပ


ဒီကနေ့ကို အမေရိကန်နိုင်ငံမှာ စူပါကျူးစ်ဒေး
(Super Tuesday) လို့ခေါ်ပါတယ်။ စူပါအင်္ဂါ
နေ့၊ အထူးအင်္ဂါနေ့၊ မဟာအင်္ဂါနေ့ ဖြစ်ပါ
တယ်။ အမေရိကန်သမ္မတလောင်း ယှဉ်ပြိုင်ပွဲ
အတွက် ပြည်နယ်ပေါင်း ၂၀ ကျော်ကနေ
ပြည်သူတွေက ဝိုင်းပြီး မဲထည့်ပေးကြမယ့်နေ့
ဖြစ်လို့ပါပဲ။ ဒီနေ့ထည့်တဲ့မဲတွေဟာ နှစ်ကုန်
ပိုင်း နိုဝင်ဘာလကျရင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ဘယ်သူ
ဟာ သမ္မတလောင်း ဖြစ်လာလိမ့်မလဲဆိုတာ
ကို ဆုံးဖြတ်ပေးနိုင်တဲ့ အခြေအနေတခုလည်း
ဖြစ်ပါတယ်။

ပြည်နယ်ပေါင်း ၅၀ ရှိတဲ့အထဲက ၂၄ ပြည်နယ်မှာ ဒီနေ့ မဲတွေဝိုင်းထည့်ကြမှာ ဖြစ်ပါ
တယ်။ မဲထည့်တဲ့လူတွေထဲမှာ ဒီမိုကရက်တစ်ပါတီဘက်က ဘရက်အိုဘားမား
(Barack Obama) နဲ့ ဟီလာရီကလင်တန် (Hillary Clinton) တို့က ထိပ်တန်းမှာ ပြေးနေ
ပါတယ်။ ရီပတ်ဘလီကန်ပါတီဘက်ကတော့ ဂျွန်မက်ကိန်း (John McCain) နဲ့
မစ်တ်ရွမ်နီ (Mitt Romney) တို့က ထိပ်တန်းမှာ ပြေးနေပါတယ်။

ဒီစူပါအင်္ဂါနေ့မှာ မဲထည့်ကြမယ့်အထဲ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေကြတဲ့ အမေရိကန်
နိုင်ငံသား ဒီမိုကရက်တစ်ပါတီဝင်တွေကလည်း မြို့တော် ဂျကာတာမှာ ဒီနေ့စုရုံးပြီး မဲထည့်ခဲ့ကြပါတယ်။ အဲဒီမှာ ဒီမိုကရက်တစ်ပါတီက ဘရက်အိုဘားမားက ၇၅ ရာခိုင်
နှုန်းရပြီး ကျန်တဲ့မဲတွေကတော့ ဟီလာရီကလင်တန်ကို မဲထည့်ကြပါတယ်။ ဘရက်
အိုဘားမားဟာ သူ့ငယ်စဉ်ဘဝတွေက အင်ဒိုနီးရှားနိုင်ငံမှာ နေခဲ့ဖူးတာလည်း ဖြစ်ပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG