သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံက မြန်မာ့အရေးအတွက် တိုက်တွန်းဖို့ ခိုင်မာတဲ့အနေအထားမှာ ရှိတယ်လို့ အမေရိကန်သံအမတ်ပြော


ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ်
အဲရစ်ဂျွန် (Eric John) ဟာ ဒီကနေ့ ဘန်ကောက်မြို့က အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲတရပ်
ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်
ရေး နှေးကွေးနေတာနဲ့ပတ်သက်လို့ ဒီမိုကရေစီ
နည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ထိုင်း
အစိုးရသစ်အနေနဲ့ မြန်မာအစိုးရကို ပိုပြီး ကိုယ့်ပြည်သူ
တွေအပေါ် တာဝန်သိတဲ့ အစိုးရတရပ် ဖြစ်လာရေး
အတွက် ဖိအားပေးပြောဆိုနိုင်တဲ့ အခြေအနေရှိတယ်
လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ စစ်အစိုးရ
အကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ဒေါ်အောင်ဆန်း
စုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ ပြောကြားသွားပါတယ်။ သတင်းစာ
ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သူ ဒေါ်လှလှသန်းက ဆက်လက် တင်ပြထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် အဲရစ်ဂျွန်က ဒီကနေ့ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိကထား ပြောကြားခဲ့တာကတော့ ၁၇၅ နှစ်မြောက် ရှိခဲ့
ပြီဖြစ်တဲ့ ထိုင်း-အမေရိကန်ဆက်ဆံရေး ပိုမိုရှင်သန်နေပြီး သက္ကရာဇ် ၂၀၀၆ ခု
စက်တင်ဘာလက ထိုင်းနိုင်ငံမှာ သက်ဆင်အစိုးရကို ထိုင်းစစ်တပ်က အာဏာသိမ်း
ဖြုတ်ချခဲ့ပြီး အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ ထိုင်းနိုင်ငံကိုပေးနေတဲ့ ဒေါ်လာ
၂၄ သန်းတန် စစ်ရေးအထောက်အကူ ဆိုင်းငံ့မှုကို ပြန်ရုပ်သိမ်းတယ်ဆိုတဲ့အကြောင်း
ကို အဓိကထား ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ စစ်ရေးဖလှယ်မှု၊ လေ့ကျင့်သင်တန်း
ပေးမှု၊ နိုင်ငံခြား စစ်ရေးအထောက်အကူပေးမှုနဲ့ နိုင်ငံတကာ ငြိမ်းချမ်းမှုထိန်းသိမ်းရေး
ဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံကို စစ်ရေးအထောက်
အကူ ပြန်လည်ပေးအပ်မယ်လို့ သံအမတ်ကြီး အဲရစ်ဂျွန်က ပြောကြားသွားပြီး နှစ်နိုင်ငံ
အကြား ဒေသတွင်းတည်ငြိမ်ရေး ဦးတည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့
အခုလိုပြောကြားသွားပါတယ်။

“အခုလို စစ်ရေးအထောက်အကူ အစီအစဉ်တွေကို ပြန်လည်ပေးအပ်ခွင့်ရခြင်းအား
ဖြင့် နှစ်နိုင်ငံအကြား တပြေးညီထားရှိတဲ့ ဦးတည်ချက်တွေဖြစ်တဲ့ ဒေသတခွင် ငြိမ်း
ချမ်းရေးနဲ့ တည်ငြိမ်ရေး ဦးတည်ချက် ပေါက်မြောက်စေဖို့ နှစ်နိုင်ငံတို့ လက်တွဲ
ဆောင်ရွက်သွားခွင့်ရမှာဖြစ်တယ်” လို့ သံအမတ်ကြီးက ပြောကြားသွားခြင်း ဖြစ်ပါ
တယ်။

နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မြဲစေဖို့လည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်
ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာဟေးလ် (Christopher Hill)
ဘန်ကောက်ကို ဒီလကုန် ၂၇ ရက်နဲ့ ၂၈ ရက်အတွင်း လာဖို့ရှိတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ် ဆမတ်ဆွန်ထာရာဝေး (Samak Sundaravej) ရဲ့ ခြောက်ပါတီ
ညွန့်ပေါင်းအစိုးရ အသစ်အနေနဲ့ မြန်မာနိုင်ငံမှာ နှေးကွေးနေတဲ့ ဒီမိုကရေစီဖော်
ဆောင်ရေးကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ အလားအလာနဲ့ ပတ်သက်လို့လည်း
သံအမတ်ကြီး အဲရစ်ဂျွန်က …

“ထိုင်းနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။
အခုလို ရင်းနှီးရတဲ့ အကြောင်းရင်းတွေအနက် တချက်ကတော့ ဒီမိုကရေစီ ရှင်သန်မှု
ကြောင့်ပါပဲ။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရတရပ်အနေနဲ့ ထိုင်းအစိုးရသစ်
ဟာ မြန်မာစစ်အစိုးရကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ၊ တင်မြှောက်ခံရတဲ့
အစိုးရဖြစ်လာဖို့ အရေးကြီးတဲ့အကြောင်း၊ နိုင်ငံမှာ ပီပြင်တဲ့အုပ်ချုပ်ရေးရှိဖို့ အရေး
ကြီးတဲ့အကြောင်း မြန်မာစစ်အစိုးရကို ထိုင်းအစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆို
နိုင်ဖို့ ပိုပြီး အခြေအနေခိုင်မာတယ်လို့ ဆိုရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ကိုယ့်နိုင်ငံသား
တွေကို တာဝန်သိတဲ့အစိုးရ ပေါ်ပေါက်လာရေးဟာလည်း အရေးကြီးတယ်ဆိုတာကို ထိုင်းအစိုးရသစ်အနေနဲ့ တိုက်တွန်းပြောကြားနိုင်မှာဖြစ်တယ်လို့ သူယူဆတဲ့
အကြောင်း” သံအမတ်ကြီးက ဖြေကြားသွားပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုအကြား ဆွေးနွေးပွဲ
ကျင်းပနိုင်ဖို့ နေအိမ်အကျဉ်းချခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် လွတ်မြောက်ရေးဟာလည်း အရေးကြီးတယ်လို့ သူကပြောပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်နဲ့ အမေရိကန်သမ္မတ၊ သမ္မတကတော်
အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ ဥရောပ၊ အာဆီယံ၊ ဂျပန် အစရှိ
တဲ့နိုင်ငံတွေ ပြောခဲ့ကြတာကို ကျနော့်အနေနဲ့ ပဲ့တင်ထပ်ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဒီမို
ကရေစီ ပြန်လည်ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို မြန်မာစစ်
အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးကြဖို့လည်း အမြန်လိုအပ်ပါတယ်။
ဒါကို အမေရိကန်ပြည်ထောင်စုက အပြည့်အ၀ ထောက်ခံနေတာပါ” လို့ သံအမတ်
ကြီးက ပြောကြားသွားပါတယ်။

သံအမတ်ကြီး အဲရစ်ဂျွန်ဟာ သက္ကရာဇ် ၂၀၀၅ ခုကနေ သက္ကရာဇ် ၂၀၀၇ အထိ အရှေ့တောင်အာရှရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်း
ဆောင်ခဲ့ဖူးပြီး ၁၉၈၉ ခုကနေ ၁၉၉၉ ခုတုန်းကလည်း ထိုင်းနိုင်ငံမှာ အမေရိကန် ထိပ်တန်းသံအရာရှိတဦးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တဲ့အတွက် မြန်မာ့ဒီမို
ကရေစီရေး ဖော်ဆောင်မှုနဲ့ပတ်သက်လို့ သူဟာ ထဲထဲဝင်ဝင်သိတဲ့ ပုဂ္ဂိုလ်တဦးလို့
ဆိုနိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG