သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က မြန်မာ့ဒီမိုကရေစီရေးဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ပြော


အိမ်နီးချင်းမြန်မာပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေကို
ကြားကဝင်ပြီး စွက်ဖက်မှာ မဟုတ်ပါဘူးလို့ အခု
အသစ်တက်လာတဲ့ ထိုင်းအစိုးရက ဒီကနေ့ပဲ ပြော
လိုက်ပါတယ်။ အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒ
တွေမှာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ပြီး စွက်ဖက်ရေးကိစ္စ မပါဘူးလို့ ထိုင်းနိုင်ငံခြားရေး
ဝန်ကြီး နိုပဒွန် ပတ်ထမာ (Noppadon Pattama)
က ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည် ဒီမိုကရေစီရေးအတွက် ထိုင်းနိုင်ငံဟာ
လည်း တခြား အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလိုပဲ ကူညီသွားကြမှာပါလို့ ဆိုပါတယ်။ ထိုင်း
နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ တော်တော်များများနဲ့ ဒုက္ခသည်အများ
အပြားကို လက်ခံထားတဲ့နိုင်ငံ ဖြစ်သလိုပဲ မြန်မာပြည်မှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှု
တွေနဲ့ ကုန်သွယ်မှုတွေ အကြီးအကျယ်လုပ်နေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း သန်းနဲ့ချီတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေလည်း အများ
အပြား ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG