သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို မြန်မာကတဆင့် ထိုင်းဘက်ပို့


မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးထားခဲ့တဲ့
မြောက်ကိုရီးယား နိုင်ငံသားတွေထဲက တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး အိမ်နီးချင်း
ထိုင်းနိုင်ငံကို ပို့ပေးလိုက်တယ်လို့ မြန်မာတာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံသား ၁၉ ယောက်ဟာ တရုတ်နဲ့ အရှေ့တောင်အာရှဒေသကို
ဖြတ်ပြီး တောင်ကိုရီးယားကိုသွားဖို့ ကြိုးစားကြတာပါ။

ဒီဇင်ဘာလ အစောပိုင်းမှာ မြန်မာအာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးခဲ့ပြီး လူဝင်မှု
ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခံရမယ့် အခြေအနေ ရောက်ခဲ့ပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့သူတွေကို တောင်ကိုရီးယားနိုင်ငံ သွားခွင့်ပြုမယ်လို့
တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG