သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ်ခေါင်းဆောင်တဦး သေဆုံး


ဟားမတ်စ် စစ်သွေးကြွအုပ်စုလို့ သံသယရှိတဲ့
ပစ်မှတ်တွေကို လေကြောင်းက ထိုးစစ်ဆင်တာ
၆ ရက်မြောက်လာတဲ့နေ့မှာ ဂါဇာနယ်စပ်အနီး
ကို အစ္စရေးက တပ်တွေ တိုးပြီးချထားနေပါ
တယ်။

ပါလက်စတိုင်းနယ်မြေထဲကို မြေပြင်ထိုးစစ်
တရပ် ဆင်နွှဲဖို့ ဖြစ်နိုင်ခြေတွေကို အစ္စရေး
အရာရှိတွေက ဆွေးနွေးနေကြတဲ့အချိန်မှာ
အစ္စရေးက ဟားမတ်စ်အစိုးရ အဆောက်အအုံ
တွေ၊ မြေအောက်လိုဏ်ခေါင်းတွေနဲ့ ဒုံးကျည်
ပစ်လွှတ်ရာနေရာတွေကို လေကြောင်းကရော၊ ပင်လယ်ထဲကပါ ဒုံးကျည်နဲ့ ပစ်ခတ်
တိုက်ခိုက်နေပါတယ်။

အဲဒီလို လေကြောင်းကတိုက်ခိုက်နေလို့ ဟားမတ်စ် အကြီးတန်း နိုင်ငံရေးခေါင်းဆောင်
တဦးဖြစ်သူ နီဇာ ရေယန် (Nizar Rayyan) နဲ့ အခြားလူ ၄ ယောက်တို့ သေဆုံးသွားခဲ့
တယ်လို့ ပါလက်စတိုင်း သတင်းရပ်ကွက်က ပြောပါတယ်။

အမြင့်ဆုံး ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်တာ ဒါ ပထမဆုံး
အကြိမ်ဖြစ်ပါတယ်။ အစ္စရေး စစ်လေယာဉ်ပျံတွေက စနေနေ့ကစပြီး ဗုံးကြဲတိုက်ခိုက်
ခဲ့ကတည်းကဆိုရင် ပါလက်စတိုင်း ၄၀၀ အနည်းဆုံး သေဆုံးခဲ့ပြီး ၂,၀၀၀ လောက်
ဒဏ်ရာရခဲ့ကြပါတယ်။ လေးပုံတပုံက အရပ်သားတွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂက
ဆိုပါတယ်။ ဟားမတ်စ်ကလည်း အစ္စရေးတောင်ပိုင်းမြို့တွေကို ရော့ကက်ဒုံးကျည်တွေ
နဲ့ ဆက်ပစ်နေဆဲဖြစ်ပါတယ်။ စနေနေ့ကတည်းကဆိုရင် အစ္စရေး ၄ ယောက် သေဆုံး
ခဲ့ရပြီးပါပြီ။

ဥပဒေအရ သက်ရောက်မှုရှိမယ့် ချက်ချင်း အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်တရပ်
ကို အာရပ်နိုင်ငံတွေက တောင်းဆိုခဲ့ကြပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက
ပယ်ချခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့က အာရပ်အဆိုပြုချက်ဟာ တဖက်သတ်
ဖြစ်နေတယ်လို့ ပြောပါတယ်။

ကမ္ဘာတ၀န်းခေါင်းဆောင်တွေက ဂါဇာကမ်းမြှောင်ဒေသ လူသားချင်းစာနာ
ထောက်ထားမှု အခြေအနေအတွက် စိုးရိမ်နေကြပြီး အကြမ်းဖက်တိုက်ခိုက်နေတာတွေ
ရပ်ဆိုင်းကြဖို့ သံတမန်နည်းလမ်းအရ ဆောင်ရွက်နေကြပါတယ်။ ပြင်သစ်သမ္မတ
နီကိုးလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့ ကြာသ
ပတေးနေ့မှာ တွေ့ဆုံခဲ့သလို အစ္စရေးကို တနင်္လာနေ့မှာသွားဖို့လည်း စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG