သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားကမ်းလွန်တွင် အင်အားပြင်းငလျင်လှုပ်


ဒီကနေ့မနက် အင်ဒိုနီးရှားစံတော်ချိန် မနက် ၄ နာရီ ၄၃ မိနစ်မှာ ပြင်းအား ၇.၆ ရစ်တာစကေး ရှိတဲ့ မြေငလျင်ကြီး အင်ဒိုနီးရှား အရှေ့ဘက်ခြမ်း အနောက် ပါပူရာ (Papua) ပြည်နယ်၊ မန်နိုကွာရီ (Manokwari) မြို့ အနောက် တောင်ဘက်မှာ လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာန က ဆိုပါတယ်။

ဒေသခံတွေဟာ မနက် မလင်းခင် လျှပ်စစ်မီး ပျက်သွားကြလို့ အိမ်တွေက ပြေးထွက်လာကြပြီး ကုန်းမြင့်တွေရှိရာကို ပြေးထွက်ခဲ့ကြပါတယ်။ ငလျင် လှုပ်ပြီးပြီးခြင်း ဆူနာမိ ရေလှိုင်းတွေရဲ့ အန္တရာယ် သတိပေးချက်ကို ထုတ်ပြန်ခဲ့ပေမယ့် တစ်နာရီအတွင်း ဒီ သတိပေးချက်ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။

လျှပ်စစ်မီး ပျက်နေတာကြောင့် အပျက်အစီ ဘယ်လောက်ရှိတယ်ဆိုတာ စစ်ဆေးဖို့ ခက်ခဲတယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောဆိုပြီး အင်ဒိုနီးရှား စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက တောင်ကုန်းတွေပေါ်မှာ ခိုလုံနေကြတဲ့ ဒေသခံတွေကို ကူညီစောင့်ရှောက်နေတယ်လို့လည်း အဲဒီ ရဲအရာရှိက ဆိုပါတယ်။ မန်နိုကွာရီ မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာ ပင်လယ်ရေအောက် ၃၆ ကီလိုမီတာ အနက်ကို ဗဟိုပြုပြီး အခု ငလျင်ကြီး လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG