သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်ကို အစ္စရေး ထိုးစစ်ဆင်နေတာ ၁၀ ရက် မြောက်သွားပြီ


အစ္စရေးက ကြည်းတပ်၊ လေတပ်နဲ့ ရေတပ်တို့
သုံးပြီး အလုံးအရင်းနဲ့ ဂါဇာကမ်းမြှောင်ဒေသ
အတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်ပြီး
ဟားမတ်စ်အဖွဲ့ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေပါ
တယ်။ တနင်္လာနေ့က သေဆုံးသွားခဲ့တဲ့
အရပ်သား ၁၁ ယောက် အပါအဝင် လွန်ခဲ့တဲ့
၁၀ ရက်လောက်က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေ
ကြောင့် လူပေါင်း ၅၄၀ လောက် သေဆုံးခဲ့ပြီး
ဖြစ်တယ်လို့ ဂါဇာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း
တွေက ပြောပါတယ်။

မြေပြင်စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သားတယောက် သေဆုံးခဲ့ပြီး ၃၀ လောက်
ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးနိုင်ငံတောင်ပိုင်းမှာ
နေထိုင်သူတွေ စိတ်ချလုံခြုံတဲ့အဆင့် ရောက်တဲ့အထိ ဒီထိုးစစ်ဆင်မှုကို ဆက်လက်
ပြုလုပ်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ် (Ehud Barak)
က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အစ္စရေးက အခုလို ဘက်ပေါင်းစုံက ထိုးစစ်ဆင်နေတဲ့ကြားကပဲ ဟားမတ်စ်အဖွဲ့က
လည်း အစ္စရေးနယ်နိမိတ်ထဲကို ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်နေတဲ့အတွက် အစ္စရေး
၄ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ၃ ယောက်ဟာ အရပ်သားတွေလို့ ဆိုပါတယ်။

ဒီအတောအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေအတွက် အကူအညီ၊ အထောက်အပံ့တွေ
ပေးကြဖို့ ကမ္ဘာတလွှားက အစိုးရတွေနဲ့ ကယ်ဆယ်ရေးအေဂျင်စီတွေက တောင်းဆို
နေကြပါတယ်။ ဂါဇာကို အဝင်အထွက်မလုပ်ဖို့ အစ္စရေးက ပိတ်ပင်ထားတာကို ပြန်ဖွင့်
နိုင်ဖို့အတွက် အာရပ်အစိုးရတွေက ကြိုးပမ်းနေကြတယ်လို့ ပါလက်စတိုင်း အုပ်ချုပ်ရေး
အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယတ်ဒ် အယ်လ်-မာလ်ကီး (Riyad al-Malki) က ပြောပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG