သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၁ ရက်မြောက် အစ္စရေးထိုးစစ်ကြောင့် ဂါဇာမှာ သေဆုံးသူတိုး


ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တို့ကို
အစ္စရေးတို့ ထိုးစစ်ဆင်တိုက်ခိုက်တာ ၁၁ ရက်
ပြည့်တဲ့ ဒီနေ့မနက်ပိုင်းမှာတင်ပဲ နောက်ထပ်
ပါလက်စတိုင်း ၁၈ ယောက်ထက်မနည်း သေဆုံး
သွားပါတယ်။

ဂါဇာဒေသတွင်း တိုးတိုးပြီး ဝင်ရောက်လာနေတဲ့
အစ္စရေးတင့်ကားကြီးများနဲ့ တပ်ဖွဲ့များဟာ
တောင်ပိုင်း ခန်ယူနစ်စ် (Khan Younis) မြို့နားကို
ရောက်ရှိသွားပြီး ဂါဇာစီးတီးမြို့တဝိုက်နဲ့ ဂါဇာ
မြောက်ပိုင်း ဂျာဘာလေးယား (Jabaliya) ဒုက္ခ
သည်စခန်းတဝိုက်မှာ တိုက်ပွဲများ ပြင်းပြင်း
ထန်ထန် ဖြစ်ပွားနေကြောင်း မျက်မြင်သက်သေ
များကို ကိုးကားပြီး သတင်းများမှာ ဖော်ပြပါတယ်။

ဂါဇာရှိ ကုလသမဂ္ဂ စာသင်ကြောင်းကို အစ္စရေး
လေကြောင်းက ပစ်ခတ်တိုက်ခိုက်လို့ ပါလက်
စတိုင်း ၃ ယောက်ထက်မနည်း သေဆုံးသွားကြောင်း ဆေးဝန်ထမ်းများနဲ့ ကုလသမဂ္ဂ
အရာရှိကြီးများက ပြောဆိုကြပါတယ်။

အစ္စရေးတို့ စတင်စစ်ဆင်ကတည်းက ပါလက်စတိုင်း ၅၅၀ ကျော် သေဆုံးပြီး တခြား
၂,၅၀၀ ကျော် ဒဏ်ရာရသွားကြတယ်လို့ ဂါဇာ ဆေးဖက်တာဝန်ခံများက ဆိုပါတယ်။

အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုကြတဲ့အထဲ ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ
(Nicolas Sarkozy) လည်း ပါဝင်ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ်
(Ehud Barak) ကတော့ အစ္စရေးနိုင်ငံ တောင်ပိုင်းသားတွေ ငြိမ်းချမ်းအေးဆေးစွာ
နေထိုင်ကြတဲ့အထိ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG