သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရဲ့ သမိုင်းတရားခံ ရှာဖွေခြင်း?


လူအဖွဲ့အစည်းတခု၊ နိုင်ငံတနိုင်ငံမှာ မဖြစ်သင့်တဲ့ကိစ္စတွေ ဖြစ်လာခဲ့ရင် ဘယ်သူမှာ တာဝန်ရှိသလဲ၊ ဘယ်သူလက်ချက်ကြောင့် ဖြစ်ရသလဲ၊ လူတဦးတယောက်မဟုတ်ရင်တောင်မှ အဖွဲ့အစည်းတခုကြောင့် ဖြစ်ရတယ်ဆိုပြီး တရားခံရှာ ပြောဆိုနိုင်ပါသလား?

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကာလမှာ နိုင်ငံတကာလေ့လာသုံးသပ်သူများက မြန်မာပြည်ကို တိုးတက်ဖွံ့ဖြိုးမှု အလားအလာအရှိဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး မတည်မငြိမ်၊ အုပ်ချုပ်စနစ်တို့ကြောင့် ဆုတ်ယုတ်ပျက်စီးကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘက်ပေါင်းစုံ ကျဆင်းလာခဲ့တာ ယနေ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့ပြီး နိုင်ငံရေးတိုးတက်ပြောင်းလဲမှုမရှိ၊ အာဏာရှင်စစ်အစိုးရအုပ်ချုပ် တိုင်းနိုင်ငံဖြစ်နေပါတယ်။

ဒီလိုဆုတ်ယုတ်ပျက်စီး ဖြစ်ပျက်မှုတွေအတွက် မြန်မာပြည်ရဲ့ သမိုင်းတရားခံ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းတွေမှာ တာဝန် အရှိဆုံးဖြစ်သလဲ၊ တရားခံဖြစ်သလဲ ဆိုတာကို သိရှိရှာဖွေနိုင်ဖို့ သမိုင်းပညာရှင်များဖြစ်တဲ့ ဦးအောင်ခင် နဲ့ ဦးအေးကျော် တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ သတင်းဌာန) က မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG