သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်


ဂါဇာမှာ အစ္စရေးလ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကို အဲ့ဒီ စစ်မက်ဖြစ်ပွားရာ ဒေသမှာ ရှိနေတဲ့သူတွေ အတိဒုက္ခ ရောက်ရမှု သက်သာစေဘို့အတွက် တနေ့ကို ၃ နာရီ ပစ်ခတ်မှုတွေ ရပ်ဆိုင်းပေးမယ်လို့အစ္စရေးက ဆုံးဖြတ်လိုက်လို့ ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ကြီး WFPက ပြောဆိုလိုက်ပါတယ်။ WFP ရဲ့ ပြောဆိုမှု အသေးစိတ်တွေကို ဂျနီဗာ ကနေ လီဇာရှလိုင်း ဘယ်လိုများ သတင်းပေးပို့ထားတယ်ဆိုတာကို မညိုညိုလွင်က တင်ပြာထားပါတယ်။
တိုက်ခိုက်မှုတွေ ဝိုင်းရံခံနေရတဲ့ ဂါဇာ မှာနေထိုင်နေကြတဲ့ လူထု တွေ သက်သာရရရှိစေနိုင်ဘို့ လေ ကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို တနေ့မှာ ၃ နာရီ ရပ်နားထားပေးမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး WFP က ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူးလို့လဲ ဆိုပါတယ်။

ဂျေရုစလင်မှာ ရှိနေတဲ့ WFP ပြောခွင့်ရ Robin Lodge ကို တယ်လီဖုံးနဲ့ ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒါဟာ လူသား
ခြင်းစာနာ ထောက်ထားမှုလို့ လောက်သာခေါ်ရမဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ကြာရှည် အပစ်အခတ် ရပ်စဲမှုတွေနဲ့ နောက်ဆုံး အပစ်ခတ် ရပ်စဲမှု တည်တန့်သွားတဲ့ အချိန်ကာလ အထိ ဖြစ်လာစေချင်ပါတယ်။ ဂါဇာမှာ ရှိတဲ့ လူတွေ အားလုံအတွက် လူသားခြင်း စာနာမှုဆိုင်ရာ အထောက် အပံ့တွေ အပြည့်အ၀ ရရှိစေဘို့ ဖြစ်နိုင်ခြေ ရှိတာ ဒီနည်းလမ်းလို့ပဲ မြင်မိပါတယ်။ ဒါဟာ WFP တခုထဲက မဟုတ်ပါဘူး၊ လူသားခြင်း စာနာမှု ဆိုင်ရာအသိုင်းအဝန်းတခုလုံးကပါ။ ”

ဂါဇာမှာ လူသားခြင်းစာနာမှု ဆိုင်ရာ အကြပ်အတည်း ပတိပက္ခတွေ ကြီးမားလာတာ ကြောင့် အစ္စရေးတို့ဘက်က အပြစ်အခတ်ရပ်စဲရေးအပေါ် သဘောတူဘို့အတွက် နိုင်ငံတကာ ဖိအားပေးမှုတွေလည်း ရှိလာခဲ့ပါတယ်။ အခုလို တနေ့ကို ၃ နာရီကြာ ဗုံးကြဲ ပြစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပေးရတာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူ ညီ ထောက်ပံ့မှုတွေနဲ့ အခြေခံ လိုအပ်ချက်တွေ ရရှိနိုင်ဘို့အတွက်ဖြစ်တယ်လို့ အစ္စရေးလ် တွေဘက်က ပြောဆိုလိုက် ပါတယ်။

ဂါဇာမှာရှိနေတဲ့ ဒုက္ခသည်မဟုတ်တဲ့ ပါလစတိုင်း ၂သိန်း ခြောက်သောင်း ၅ထောင်ကို WFP က တာဝန်ယူ ကြည့်ရှုပေး နေရပါတယ်၊အစ္စရေးလ်တွေ စတင်ထိုးစစ်ဆင် တိုက် ခိုက် ခဲ့တဲ့ ဒီဇင်ဘာ(၂၇) ရက်နေ့ကနေ ကြည့်ရင် အထောက်အပံ့ အကူအညီပေးရတဲ့ သူ ပေါင်း ၅၀၀၀၀ အထိ တိုးမြင့်လာတယ်လို့ ဆိုပါတယ်။


WFP အနေနဲ့ လွန်ခဲ့တဲ့ လုံလောက်တဲ့ အစားအစာတွေကို လွန်ခဲ့တဲ့ အပတ်တွေကပဲ ဂါဇာမြို့မှာ သိုလှောင်ထားပါ တယ်လို့ Lodge က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အစားအစာတွေ တော်တော်များများဟာ အစိုးရရဲ့ ဂိုထောင်တွေထဲမှာ သိုလှောင် သိမ်းဆည်းထားတာ ဖြစ်တာကြောင့် လုံခြုံရေးအရ ဒါတွေကို လက်ခံရရှိဘို့ အခက်အခဲတွေတော့ ရှိနေ တယ်လို့လဲ ဆိုပါတယ်။ ဒါ့အပြင်ဂါဇာရဲ့ အခြေအနေတွေဟာ သိပ်ကို ဆိုးဆိုးဝါဝါး ရှိနေတာပါလို့လဲ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

“အဲဒီမှာ ရောင်းချနေတဲ့ အစားအသောက်တွေ နဲနဲပဲ ရှိပါေတော့တယ်။ အလွန် နည်းနည်းပဲရှိတဲ့ ဆိုင်တွေမှာတောင် ဘာအစားအသောက်မှ မရှိတော့ပါဘူး။ ငွေကြေး ပြတ်လပ်မှုတွေကလည်း ကျယ်ကျယ်ပြန်ပြန် ဖြစ်လာတာကြောင့် စီးပွားရေး ဆိုင်ရာ လုပ်ငန်းတွေဟာ ရပ်တန့်ထိုးဆင်းသွားပါတယ်၊ မကြာခင် မုန့်တိုက်တွေအတွက်လည်း စိုးရိမ်စရာပါပဲ၊ သူတို့တွေအနေနဲ့ ဂျုံစက်တွေကနေ ဂျုံတွေ ရေရှည်ရရှိနိုင်မှာ မဟုတ်တော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဂျုံစက်တွေ လည်ပတ်မှု ရပ်ဆိုင်းကုန်လို့ပါ။ လောလောဆယ် ဂါဇာမှာ ရှိတဲ့ မုန့်တိုက် ၄၇ ခုမှာ ၁၄ ခုပဲ ဆက်လက်ဖွင့်လှစ်ထားနိုင်ပြီး မုန့် ထုတ်လုပ်မှုတွေလည်း တော့တော့ကို လျော့ကျသွားပါတယ်။”

အစ္စရေးဘက်ကတော့ အခုလို သူတို့ရဲ့ လူသားခြင် းစာနာထောက်ထားမှုဆိုင်ရာ လုပ်ရပ်ကြောင့် Kerem Shalom ကနေ ဂါဇာနယ်စပ်ကို ဖြတ်ပြီး ဆေးဝါး အထောက်အပံ့တွေ၊ အခြေခံ လိုအပ်တဲ့ အစားအသောက်တွေနဲ့ လောင်စာဆီတွေကို ထရပ်ကား အစီး ၈၀ စာ ဖြတ်သန်း သယ်ယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

WFP ကတော့ နယ်စပ်ဂိတ်တွေအားလုံးကို ဖွင့်ပေးဘို့ ပြောဆိုလိုက်ပြီး ဂါဇာမှာ လူသားခြင်းဆိုင်ရာ အထောက်အပံ့ အကူအညီတွေပေးဘို့အတွက် အမေရိကန်ဒေါ်လာ ၇၃ သန်း သုံးစွဲနေတာမှာ လိုငွေ ပြလာတာအပေါ် နိုင်ငံတကာမှာ ရှိတဲ့ အလှုရှင်တွေအနေနဲ့ ထည့်ဝင် လှူဒါန်းကြဘို့ကိုလည်း တောင်းဆို လိုက်ပါတယ်ရှင်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG