သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်


သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ဈေးနှုန်း မြင့်တက်လာတဲ့နဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရုရှားကနေ ဥရောပကို သဘာဝဓာတ်ငွေ့ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်တာကြောင့် ဥရောပမှာ ရှိတဲ့ သဘာဝဓာငွေ့ သုံးစွဲသူတွေ အခက်အခဲ ကြုံတွေ့နေရပါတယ်။ ရုရှား ဝန်ကြီးချုပ် ဗလက်တီမီရာ ပူတင်(Vladimir Putin) နဲ့ ရုရှားနိုင်ငံပိုင် တခုတည်းသော ရေနံ ထုတ်လုပ်မှုလုပ်ငန်းကြီး တခုဖြစ်တဲ့ ဂေ့စ်ပရုံ (Gazprom) ရဲ့ အကြီးအကဲ အလက်ဇီ မီလာ(Alexei Miller)တို့ တွေ့ဆုံမှု အပြီး ဗုဒ္ဓဟူးနေ့မှာ သဘာဝဓာတ်ငွေ့ တင်သွင်းမှု ဖြတ်တောက်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

ယူကရိန်းတွေ သဘာဝဓာတ်ငွေ့တွေ ခိုးယူမှုအပေါ် တုန့်ပြန်တဲ့ အနေနဲ့ အခုလို ဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ မီလာ က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ လူဦးရော များပြားတဲ့ ဥရောပကို တင်ပို့မှု ဖြတ်တောက်မှုအပေါ် လက်ခံနိုင်ချေ မရှိဘူးလို့ အမေရိကန် ပြည်ထောင်စုက ဆိုပါတယ်။ သဘာဝဓာတ်ငွေ့ တင်ပို့မှု ဖြတ်တောက်လိုက်တာကို ဥရောပမှာ ရှိတဲ့ အာတိတ်ဒေသမှာ ၂ရက် ကြာ ကြုံတွေ့ နေကြရပါပြီ။ ဒီအတွက် နိုင်ငံတကာ အနေနဲ့လည်း ရုရှားရဲ့ တိုက်ကြီး တခုလုံး အပေါ် သဘာဝဓာတ်ငွေ့ ဖြတ်တောက်လိုက်တာကို စိုးရိမ် ပူပန်နေကြပါတယ်။

ဂျာမနီနဲ့ ပိုလန်မှာ ညအချိန်ဆိုရင် အနုတ် ၂၅ဒီဂရီ စင်တီဂရိတ်အထိ အပူချိန် ကျဆင်းသွားတာကြောင့် ၇ယောက် အထိ သေဆုံးမှုရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အီတလီ မီလန် လေဆိပ်မှာလည်း နှင်းမုန်တိုင်းတွေ တိုက်ခိုက်မှုကြောင့် လေကြောင်း ခရီးစဉ်တွေ နာရီကြာကြာ ရပ်ဆိုင်းသွားရပါတယ်။ ရုရှာရဲ့ သဘာ)ဓာတ်ငွေ့ ဖြတ်တောက်မှုတွေကြောင့် ဘော်တန်၊ ဘူဂေးရီးယား၊ မက်စီဒိုနီယား၊ ရိုမေးနီးယား၊ ခရိုအေးရှား၊ စနီးယား၊ ဟာစီကိုဗီနားနဲ့ ဘော့ဆားဘီးရား ဒေသတွေမှာလည်း အအေးလွန်ကဲမှု ဒဏ်တွေကို ခံနေကြရတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG