အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဘဲရက်ခ် အိုဘားမား Barack Obama အနေနဲ့ အမေရိကန်သံတမန်ရေး ပေါ်လစီကို ပုံဖော်ရာမှာ အထောက်အကူအဖြစ် သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအတွင်း နိုင်ငံရေးပေါ်လစီအကြံပေးပုဂ္ဂိုလ်တွေ အနက်တဦးဖြစ်တဲ့ ဒေါက်တာ ဆူဆန် ရိုက်စ် Susan Rice ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ ဒီဇင်ဘာလဆန်းပိုင်းက အမည်တင်သွင်းခဲ့ပါတယ်။ မစ်ရိုက်စ်နဲ့ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။