သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စပါးအထွက်နဲ့ ဆန်အရောင်းအဝယ်တွေ ဘယ်လိုရှိနေလဲ


ဇန်နဝါရီ ၅၊ ၂၀၀၉ - စပါးစိုက်တောင်သူလယ်သမား
တွေ မိုးစပါးရိတ်သိမ်းပြီးချိန်ကာလမှာမှ နိုင်ငံခြား
တင်ပို့တဲ့ ဆန်ဈေးနှုန်းတွေကျဆင်းတဲ့အတွက် စပါး
စိုက်လယ်သမားတွေရော၊ ကုန်သည်တွေရော အရှုံး
နဲ့ရင်ဆိုင်ကြရတဲ့ အချိန်ကာလကို ရောက်နေပါတယ်။
တနိုင်လုံးအတိုင်းအတာနဲ့ စပါးအထွက်နှုန်းသိသိ
သာသာလျော့နည်းတယ်လို့ မဆိုသာပေမယ့် နာဂစ်
ဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံလိုက်ရတဲ့ ဒေသတွေထဲကတခုဖြစ်တဲ့ ဧရာဝတီ
တိုင်း၊ ဖျာပုံမြို့နယ်မှာတော့ စပါးအထွက်လျော့တယ်လို့ လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ ဖျာပုံ
မြို့ခံတဦးက ဗွီအိုအေကိုပြောပြပါတယ်။

ဖျာပုံနယ်ဘက်မှာ အထွက်လျော့တယ်လို့ ဒေသခံကဆိုပေမယ့် ပြည်ပတင်ပို့တဲ့ ဧည့်မထ
ဆန် အမျိုးအစားအုပ်စုကတော့ မပြတ်ပါဘူးလို့ ပြည်ပကို ဆန်တင်ပို့တဲ့လုပ်ငန်း လုပ်ကိုင်
နေတဲ့ ရန်ကုန်မြို့ခံ ကုန်သည်တဦးက ပြောပါတယ်။

ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာတော့ မြန်မာနိုင်ငံမှာ မိုးစပါးရိတ်သိမ်းပြီးချိန်ကာလ စပါး
အထွက်နှုန်းနဲ့ အရောင်းအဝယ်အခြေအနေ၊ ပြည်ပတင်ပို့တဲ့အခြေအနေတွေ ဘယ်လိုရှိသလဲ
ဆိုတာ စုစည်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG