သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ခရီးသည်တင်သဘောင်္ နစ်မြုတ် လူနှစ်ရာကျော် ပျောက်ဆုံးနေ


အင်ဒိုနီးရှားနိုင်ငံ ဆူလာဝါစီကျွန်း ကမ်းရိုးတန်းမှာ ခရီးသည်တင် သဘောင်္နစ်မြုတ်သွားတဲ့အတွက် လူပေါင်း နှစ်ရာကျော် ပျောက်ဆုံးနေသလို သေဆုံးနိုင်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ လူပေါင်း ၂၅၀ လောက် တင်ဆောင်ထားတဲ့ ခရီးသည်တင် သဘောင်္ဟာ တနင်္ဂနွေနေ့က နစ်မြုတ်ခဲ့တာပါ။ အဲဒီ နစ်မြုတ်သွားတဲ့ သဘောင်္ပေါ်က လူ ၁၈ ယောက်ကို ငါးဖမ်းသမားတွေက ကယ်တင်ခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

အနောက် ဆူလာဝါစီကျွန်းကို ခုတ်မောင်းနေတဲ့ အဲဒီသဘောင်္ ကပ္ပတိန်ကိုလည်း အသက်မသေဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သဘောင်္ဟာ မုန်တိုင်းကြားမှာ လှိုင်းတွေ ပုတ်ခံရတဲ့အတွက် နစ်မြုတ် သွားခဲ့တာ လို့လည်း သဘောင်္ ကပ္ပတိန်က အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ သဘောင်္ပေါ်မှာ ပါလာတဲ့ လူ ၁၅၀ လောက်ဟာ သဘောင်္မနစ်ခင်ကတည်းက ခုန်ချသွားခဲ့တာဖြစ်ပြီး အဲဒီလူတွေ ဘာဖြစ်သွားတယ်ဆိုတာ သူမသိဘူးလို့ ဆိုပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းကြီးနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အဟန့်အတားတွေ ရင်ဆိုင် နေရတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ သဘောင်္ဟာ အင်ဒိုနီးရှား ပိုင်နက် ဘော်နီယို ကျွန်းမှာရှိတဲ့ ကာလီမန်တန် ဒေသကို အသွားမှာ အခုလို နစ်မြုတ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG