သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်တက်ပြီး ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ကြားဖြတ် လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်


ထိုင်းနိုင်ငံမှာ အစိုးရသစ် တက်လာပြီးကတည်းက ပထမဆုံး ပြုလုပ်တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံရေး အထူအထပ် ချထားတဲ့ ကြားမှာပဲ ဒီနေ့ ပြုလုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပါတီ၂ခု ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဖြတ်သိမ်းခဲ့တဲ့အတွက် လစ်လပ်သွားတဲ့ အမတ်နေရာ ၂၉နေရာ အတွက်၊ ပြည်နယ် ၂၂ နယ်က မဲဆန္ဒရှင်တွေက ဆန္ဒမဲ ပေးနေကြတာပါ။ အမတ်နေရာ ၁၃ နေရာက အရင် ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝတ်ရဲ့ ပြည်သူ့အာဏာပါတီ က အမတ်နေရာတွေ ဖြစ်ပြီး ကျန်တဲ့ ၁၆ နေရာကတော့ သူတို့ရဲ့ မဟာမိတ် ချက်ထိုင်း ပါတီက အမတ်နေရာတွေ ဖြစ်ပါတယ်။

မစ္စတာ တက်ဆင်ကို လိုလားတဲ့မဟာမိတ် ပါတီဝင်တွေကို ဖယ်ရှားပေးဖို့ အရင် လွှတ်တော်နေရာရလာတဲ့ ပြည်သူ့ ဒီမိုကရေစီ မဟာမိတ်ပါတီက စပြီး တောင်းဆိုခဲ့တဲ့ ပြီးခဲ့နှစ် သြဂုတ်လ ကတည်းက ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေခဲ့တာပါ။ အဲဒီနောက် တရားရုံး ဆုံးဖြတ်ချက်တွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး နောက်ဆုံး မှာတော့ မစ္စတာ တက်ဆင်ကို လိုလားသူ ဝန်ကြီးချုပ် ၂ ယောက် ရာထူးကနေ ဖယ်ရှားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG