အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို သူ့ဘက်က အဆိုပြုထားတဲ့အတိုင်း အမြန်ဆုံးအတည်ပြုပေးဘို့ သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဘရက်ခ်အိုဘားမားက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်းတွေနဲ့အတူ ဂါဇာကမ်းမြှောင်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ်ရဲ့ ဆောင်ရွက်ချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။