ရုရှားက ဥရောပကို အင်္ဂါနေ့မှာစပြီး သဘာဝဓာတ်ငွေ့တွေ ပို့ပေးတာ ပြန်စတင်တော့
မယ်လို့ ပြောကြားသွားခဲ့ပါတယ်။
စွမ်းအင်ပဋိပက္ခနဲ့ပတ်သက်ပြီး ဘရပ်ဆဲလ်မှာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ
ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့တော့ သဘောတူညီချက် အသစ်တခုကို
အတည်ပြုနိုင်လိမ့်မယ်လို့ အစောပိုင်းကပဲ ရုရှားအာဏာပိုင်တွေက ပြောကြားခဲ့တာ
ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကိုဖြတ်ပြီး တခြားနိုင်ငံတွေဆီ ရုရှားက သဘာဝဓာတ်ငွေ့တွေ ဖြန့်ဝေ
ပေးမှု သီးသန့်စောင့်ကြည့်ခွင့်ပြုမယ်ဆိုတဲ့ သဘောတူညီချက် အသစ်တရပ်ကို
ယူကရိန်းနဲ့ ရုရှားတို့ လက်မှတ်ရေးထိုးခဲ့ပြီး အခုလိုပြောဆိုမှု ထွက်လာခဲ့တာ ဖြစ်ပါ
တယ်။