ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ချက်ချင်း အပစ်
အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လေးစား
လိုက်နာကြဖို့ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်နေ
ကြတာတွေကို ရပ်ပစ်ရမယ်၊ နှစ်ဖက်စလုံးကို
အခုချက်ချင်း ရပ်ကြပါလို့ ပြောသွားပါတယ်။
တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသက
လူနေထူထပ်တဲ့ ဒေသများဆီ အစ္စရေးမြေပြင်
တပ်ဖွဲ့များ ချဉ်းကပ်သွားချိန် စစ်တိုက်လေယာဉ်
များကလည်း ဟားမတ်စ်စစ်သွေးကြွ ပစ်မှတ်များ
နဲ့ မှောင်ခိုသွင်းတဲ့ ဥမင်လိုဏ်ခေါင်းများကို ဗုံးကြဲ
တိုက်ခိုက်နေပါတယ်။
တင့်ကားကြီးများ ကျောထောက်နောက်ခံပြုတဲ့ အစ္စရေးတပ်ဖွဲ့များ ဂါဇာစီးတီးမြို့အစပ်
နားမှာ ဟားမတ်စ်တို့နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး အစ္စရေးတို့ ဗုံးကြဲခဲ့တဲ့ ဗလီဝတ်ကျောင်း
ထဲမှာ လက်နက်တွေဝှက်ထားတာ တွေ့လိုက်ရကြောင်း အစ္စရေးတို့က ပြောပါတယ်။
ဂါဇာမြို့ရဲ့ အကြီးဆုံးဆေးရုံ မြေအောက်ထပ်ကို ဟားမတ်စ်တို့က စစ်ဆင်ရေးစခန်း
အဖြစ် အသုံးပြုနေတယ်လို့ သံသယဖြစ်ကြောင်း အစ္စရေးထောက်လှမ်းရေးက
ပြောဆိုပါတယ်။
ဂါဇာမှာတိုက်ခိုက်နေတာတွေ ရပ်ဖို့ နီးစပ်လာပြီလို့ လေးပွင့်ဆိုင် ငြိမ်းချမ်းရေးအဖွဲ့
သံတမန် တိုနီ ဘလဲ (Tony Blair) က ကိုင်ရိုမြို့မှာ ပြောဆိုပါတယ်။
အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘုရှ်က ဟားမတ်စ်တို့ အစ္စရေးကို
ရော့ကက်နဲ့ပစ်နေတာတွေ ရပ်မှ၊ အီဂျစ်က ဂါဇာကို လက်နက်ခိုးသွင်းတာတွေ ရပ်မှ
သာလျှင် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မှာလို့ ပြောဆိုသွားပါတယ်။
အစ္စရေးတို့ ထိုးစစ်ဆင်ကတည်းက သေဆုံးသူ ပါလက်စတိုင်း ၉၀၀ ကျော်သွားပြီလို့
ဆေးဖက်ဆိုင်ရာများက ပြောဆိုကြပါတယ်။