စစ်အစိုးရ ရေးဆွဲတဲ့ အခြေခံဥပဒေအရ 'ဝ' ဒေသဟာ ကိုယ်ပိုင်းအုပ်ချုပ်ရေးတိုင်း ဖြစ်လာပါတယ်။ အယင်ကတော့ 'ဝ' တွေကိုသူတို့ ဒေသကိုပြည်နယ်လို့ အသိအမှတ်ပြုပေမယ့် စစ်အစိုးရက ရှမ်းပြည်နယ်အထူးဒေသအမှတ် (၂) လို့ ခေါ်ပါတယ်။ ကိုယ်ပိုင်းအုပ်ချုပ်ရေးလို့ ဆိုပေမယ့် 'ဝ' တပ်ဖွဲ့ လက်နက်စွန့်လွှတ်ဖို့ ဗမာစစ်အစိုးရက ကြိုးပမ်းနေပါတယ်။ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာ နဲ့ လွတ်လပ်မှုကို လက်နက်နဲ့ ကာကွယ်တာဟာ ခေတ်စဉ်အလာလိုဖြစ်နေကြောင်း ဆောင်ပါးရှင် ဦးအောင်ခင် နဲ့ မညိုညိုလွင် တို့က သုံးသပ်တင်ပြထားပါတယ်။