သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး ဖြေရှင်းဖို့ ကုလအတွင်းရေးမှူးချုပ် အရှေ့အလယ်ပိုင်း သွားမည်


အစ္စရေးလ်နဲ့ ဟားမတ်စ်အဖွဲ့တို့အကြား
အပစ်အခတ်ရပ်စဲရေး တွန်းအားပေးဖို့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
အရှေ့အလယ်ပိုင်းဒေသဆီ ခရီးထွက်ဖို့
ပြင်ဆင်နေတာနဲ့အမျှ အစ္စရေးလ်တပ်တွေ
နဲ့ တင့်ကားတွေဟာ ဂါဇာစီးတီးအတွင်းပိုင်း
ထဲကို ဒီကနေ့ ထိုးဖောက်နေကြပါတယ်။

လေယာဉ်ပျံတွေက ဗုံးတွေကျဲချနေပြီး
သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေဟာ
လည်း ဒီကနေ့မနက် အစောပိုင်းမှာ
ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ပါလက်စတိုင်း လက်နက်ကိုင်တွေက အစ္စရေးလ်နိုင်ငံထဲ
ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေ ရပ်တန့်သွားဖို့ အစ္စရေးလ်က
ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ နောက်ဆုံးတိုက်ပွဲတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့်
ပါလက်စတိုင်းလူမျိုး ၉၀၀ ကျော်နဲ့ အစ္စရေးလ်လူမျိုး ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး
ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ ဒီကနေ့နှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်းဆီ ထွက်ခွာမှာဖြစ်ပြီး
အစ္စရေးလ်၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ၊ ဂျော်ဒန်၊ တူရကီ၊ ဆီးရီးယား၊
လက်ဘနွန်နဲ့ ကူဝိတ်နိုင်ငံတွေကို ဝင်မှာဖြစ်ပါတယ်။ ချက်ချင်း အပစ်အခတ် ရပ်စဲကြ
ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားတာကို နှစ်ဖက်စလုံးက
လိုက်လျောအောင် သူတွန်းအားပေးမယ်လို့ မစ္စတာဘန်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG