သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဓာတ်ငွေ့ ပြန်ပို့သော်လည်း ဥရောပ အလုံအလောက် မရသေး


ယူကရိန်းနိုင်ငံကို ဖြတ်သန်းသွယ်တန်းထားတဲ့ ပိုက်လိုင်းတွေကတဆင့် ရုရှားသဘာဝ
ဓာတ်ငွေ့တွေကို အနောက်ဥရောပဆီ ပြန်ပြီး ဖြန့်ဖြူးပေးနေပြီ ဖြစ်ပေမယ့် အရေးပေါ်
စွမ်းအင်လိုအပ်ချက် ဖြစ်နေတဲ့ ဥရောပနိုင်ငံတွေဆီမှာ သဘာဝဓာတ်ငွေ့တွေ
နည်းနည်းလေး၊ ဒါမှမဟုတ် လုံးဝကို မရောက်ရှိလာသေးဘူးလို့ ဥရောပသမဂ္ဂက
ပြောပါတယ်။

ရုရှားအစိုးရနဲ့ ယူကရိန်းအစိုးရရဲ့ စကားစစ်ထိုးပွဲက ဒီနေ့ ဆက်ဖြစ်ပွားနေသလို
ယူကရိန်းဟာ ဓာတ်ငွေ့တွေကို သူ့နိုင်ငံတွင်းသုံးဖို့ ကြားက ဖြတ်ယူနေပြန်ပြီလို့ ရုရှား
အစိုးရပိုင် ဂက်ဇ်ပရွမ် (Gasprom) ကုမ္ပဏီက ထပ်စွပ်စွဲလိုက်ပါတယ်။

ဈေးစကားများကြပြီး ယူကရိန်းကို သဘာဝဓာတ်ငွေ့ပို့ပေးမှု ရုရှားက ဇန်နဝါရီလ
၁ ရက်နေ့မှာ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရရဲ့ စွမ်းအင်ဆိုင်ရာ ထိပ်တန်းအကြံပေး အိုလီဆီယာ ဟူဒါမာကတော့
ရုရှားဓာတ်ငွေ့တွေ ယူကရိန်းနိုင်ငံထဲ ဝင်လာနေပြီလို့ ဗွီအိုအေကို ပြောပါတယ်။
ဒါပေမယ့် ပိုက်လိုင်းကွန်ယက်ထဲမှာ လုံလောက်တဲ့ဖိအား မရသေးမချင်း ဥရောပနိုင်ငံ
တွေဆီ ပို့ပေးလို့မရသေးဘူးလို့ သူက ဆိုပါတယ်။

ဥရောပနိုင်ငံတွေဆီကို ရုရှားသဘာဝဓာတ်ငွေ့တွေ ပြန်ပြီး စတင်ပို့ပေးဖို့ တနင်္လာနေ့
က နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံက ဖြတ်သန်းပေးပို့တဲ့ သဘာဝဓာတ်ငွေ့အားလုံးကို လွန်ခဲ့တဲ့
၆ ရက်ကစပြီး ဖြတ်တောက်လိုက်တာမို့ ဥရောပတလွှားမှာ လူသန်းပေါင်းများစွာဟာ
ဆောင်းဥတုရဲ့ အအေးအပြင်းဆုံး ရာသီဥတုကို လုံလောက်တဲ့အနွေးငွေ့မရဘဲ
ဖြတ်သန်းခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG