သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နို့မှုန့်ကြောင့် ဒုက္ခရောက်ရသူများ လျော်ကြေးပေး နှစ်သိမ့်မှု လက်မခံ


တရုတ်နိုင်ငံမှာ အန္တရာယ်ဖြစ်စေတဲ့ နို့မှုန်တွေ စားသုံးမိလို့ မကျန်းမမာ ဖြစ်ခဲ့ရတဲ့ ကလေးတွေရဲ့ မိဘတွေက အစိုးရ ကျောထောက် နောက်ခံပြုပေးထားတဲ့ နစ်နာကြေးအစီအစဉ်ကို လက်မခံဘဲ ပယ်ချလိုက်ကြပါတယ်။ အစီအစဉ်ကို ပယ်ချတဲ့အကြောင်း ကလေးမိဘ ၂၀၀ ကျော်က လက်မှတ်ရေးထိုးပြီးကြပြီလို့ မိဘအစုအဖွဲ့ကို စုစည်းသူ Zhao Lianhai က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မယ်လမင်း ဓာတုပစ္စည်းပါဝင်တဲ့ နို့မှုန့်တွေကိုစားသုံးမိလို့ ပြီးခဲ့တဲ့နှစ်က မကျန်းမမာ ဖြစ်ခဲ့ရတဲ့ ကလေးငယ်သုံးသိန်း လောက်ထဲမှာ Zhao ရဲ့သားလည်း ပါဝင်ပါတယ်။ အဲဒီနို့မှုန့်တွေကြောင့် ကလေးငယ် ခြောက်ဦး သေဆုံးခဲ့ရပါတယ်။

အန္တရာယ်ဖြစ်စေတဲ့ စားသုံးကုန်ပစ္စည်းတွေကို စားမိတဲ့ ကလေးတွေရဲ့ အနာဂတ်မှာ ကုန်ကျမယ့် ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေကို နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကျခံပေးဖို့ မကျေမနပ်ဖြစ်နေတဲ့ မိဘတွေက တောင်းဆိုထားပါတယ်။

နစ်နာကြေးပေးမယ့် အစီအစဉ်ထဲမှာ အသက်သုံးနှစ်အထက် ကလေးတွေ မပါဘူးဆိုတဲ့ စာပိုဒ်ကိုလည်း မိဘတွေက ပယ်ချထားပါတယ်။

ခုလက်ရှိအစီအစဉ်ထဲမှာ သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ မိသားစုတွေအတွက် အမေရိကန်ဒေါ်လာ ၂၉,၀၀၀၊ ကျောက်ကပ် အပြင်းအထန် ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်တွေအတွက် ဒေါ်လာ ၄,၄၀၀ နဲ့ သိပ်မကြီးမားတဲ့ ကျန်းမာရေး ချို့ယွင်းမှုတွေအတွက် ဒေါ်လာ ၂၉၀ စီ ပေးမယ်ဆိုပြီး ထည့်သွင်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG