သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအတွက် လိုအပ်တဲ့ ဖောလစ်အက်ဆစ်


ဇန်နဝါရီ ၁၄၊ ၂၀၀၉၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို တနေ့ ဖောလစ်အက်ဆစ် ၄၀၀ မီလီဂရမ် သုံးစွဲဖို့ တိုက်တွန်းကြပါတယ်။ ဗီတာမင် ဘီ အမျိုးအစားဖြစ်တဲ့ ဖောလစ်အက်ဆစ်ကို ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နေ့စဉ် အလုံအလောက် သုံးစွဲကြဖို့ ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေက တိုက်တွန်းအားပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ဖောလစ်အက်ဆစ်ဓါတ် အလုံအလောက်ရှိထားခြင်းအားဖြင့် ကိုယ်ဝန်ဆောင်သန္ဓေသား ချို့ယွင်းမှုတွေကို နည်းပါးသွားစေပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုမှာပဲဖြစ်ဖြစ် ကမ္ဘာအဝှမ်း နိုင်ငံတွေမှာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးဟာ ဒီလို အရေးပါတဲ့ ဗီတာမင်ဓါတ်ကို လုံလုံလောက်လောက် မရရှိကြပါဘူး။

ခန္ဓာကိုယ်ထဲ ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေ ဖြစ်လာစေဖို့ ဖောလစ်အက်ဆစ်က အထောက်အပံ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလို ဆဲလ်တွေ ကွဲထွက်ပြီး သီးခြား ဖွံဖြိုးလာတဲ့အချိန်မှာဆို ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့်လည်း နှစ်စဉ် ဇန်နဝါရီလထဲ ရက်သတင်းပတ်တခု သတ်သတ်မှတ်မှတ်ထားပြီး အမျိုးသမီးတွေအတွက် ဖောလစ်အက်ဆစ်ဓါတ်ရဲ့ အရေးပါမှုအပေါ် အများပြည်သူ သိရှိနားလည်သဘောပေါက်အောင် ပညာပေးလှုံဆော်မှု လုပ်ကြပါတယ်။

အမျိုးသမီးတွေအတွက် ဖောလစ်အက်ဆစ်က ဘယ်လောက်အရေးပါသလဲ၊ ဘာကြောင့်လဲ .. ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက စီစဉ်တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG