ရွေးကောက်ပွဲအပြီး နှစ်လ အကြာ၊ ဇန်န၀ါရီ ၂၀ မွန်းတည့် အချိန်၊ ရှေ့လာမယ့် ၄နှစ် အထိ အိမ်ဖြူတော် (White House) မှာ နေရာရလာမယ့် သူကို သမ္မတ အာဏာ လွှဲပြောင်းတဲ့ အခမ်းအနာဖြစ်ပါတယ်။ ပထမဆုံး အမေရိကန်ပြည်ထောင်စု သမ္မတကြီး ဂျော့ ၀ါရှင်တန် (George Washington) က သမ္မတ ရာထူးကို ကျမ်းသစ္စာ ကျိန်ဆို လက်ခံခဲ့တဲ့ ၁၇၈၉ ခုနှစ်ကစလို့ နှစ်ပေါင်း ၂၂၀ ကျော် မပျက်မကွက်ပဲ ကျင်းပလာတာခဲ့တဲ့ နေ့ဟာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့ဖြစ်ပါတယ်။