ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ရွေးကောက်ခံသမ္မတ Barack Obama ဟာ ၄၄ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာတဲ့အခါမှာ ဇနီးသည် Michelle Obama အနေနဲ့ သမ္မတကတော် ဖြစ်လာပါလိမ့်မယ်။ သမ္မတကတော်တွေအနေနဲ့ ရွေးကောက်ခံလဲမဟုတ်၊ ခန့်အပ်ခံရသူလဲ မဟုတ်ပေမဲ့ ခင်ပွန်းသည်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ သိသာတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားခဲ့ကြတာတွေ တွေ့ရတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Susan Koster ပေးပို့ထားတဲ့ သတင်းနောက်ခံဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။