ဇန်နဝါရီ ၁၂၊ ၂၀၀၉ - အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့အရေအတွက်ဟာ
ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ နောက်ထပ် စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။ ၁၅ နှစ်အတွင်း
အမြင့်ဆုံးဖြစ်တဲ့
၇.၂% ထိ တက်သွားခဲ့တာပါ။
၂၀၀၈ ခုနှစ်အတွင်း အလုပ်အကိုင်ပေါင်း နှစ်သန်းခွဲကျော် ဆုံးရှုံးခဲ့တယ်လို့လည်း
အမေရိကန် အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်း
ထောက် Mil
Arcega ပေးပို့ထားတဲ့ သတင်းဆောင်းပါးနဲ့အတူ ပြည်ပရောက် မြန်မာ
နိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခြေအနေတချို့ကို ဒီသီတင်းပတ်ရဲ့ စီးပွားရေး
ကဏ္ဍမှာ စုစည်းတင်ဆက်ထားပါတယ်။