သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ပြောင်းလဲသင့်ပြီ ထိုင်းဝန်ကြီးချုပ်ရှု့မြင်


အာဆီယံ အသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် အဘီဆစ် ဝတ်ချာချီ၀ က အာဆီယံ အသင်းဝင်နိုင်ငံတွေ သာယာဝပြောဖို့အတွက် အာဆီယံ အဖွဲ့ကြီး ခိုင်မာဖို့ လိုအပ်ကြောင်း၊ အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့အတွက်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လေးစားမှု၊ ယုံကြည်ကိုးစားမှု လိုအပ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာမို့ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်တန်ပြီလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ FCCT နိုင်ငံခြားသတင်းထောက်များ အသင်းရဲ့ ညစာ စားပွဲမှာ ဝန်ကြီးချုပ် အဘီဆစ် တက်ရောက်ပြီး အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ ညစာစားပွဲမှာ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG