သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ဒုက္ခသည်များ အပေါ် ရက်စက်မှု ထိုင်း ငြင်းဆို


မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ကို ထိန်းသိမ်းထားပြီးတဲ့နောက်၊ ပင်လယ်ထဲ မှာ လှေ နဲ့ အသေခံ ပစ်ထားခဲ့တယ် ဆိုတဲ့ သတင်းတွေ ကို ထိုင်း စစ်တပ် က ငြင်းဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ နဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့သူတွေ ကို ပင်လယ်ထဲ အဓမ္မ ပြန်ထွက်သွားအောင် စစ်တပ် က လုပ်ခဲ့တယ် ဆိုတဲ့ သတင်း ကို ထိုင်းစစ်အရာရှိတွေ က ငြင်းဆိုကြတာပါ။ ပြန်နှင်ထုတ်တာသာ ဖြစ်ပါတယ်လို့ ထိုင်းစစ်တပ် အရာရှိတွေ က ပြောပါတယ်။ အချက်အလက် အားလုံး နဲ့ အဲဒီ ကိစ္စ ဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေ ကို စစ်ဆေးနေပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကျေညာချက် ကတော့ ဆိုပါတယ်။

ထိုင်းအစိုးရ က စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး က သောကြာနေ့ မှာ တောင်းဆိုခဲ့ပါတယ်။

သူတို့ ကို ထိုင်း ရေတပ် က ဝေးလံခေါင်ဖျား ကျွန်းတစ်ကျွန်းမှာ ရက်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပြီး၊ လှေပေါ်တင် ပင်လယ်ထဲ ကို ပြန်ဆွဲသွားခဲ့တယ်လို့ စာနယ်ဇင်းသမားတွေ နဲ့ လူ့အခွင့်အရေး အုပ်စုတွေ ကို စကားပြောခဲ့ကြတဲ့ အသက်ရှင် ကျန်ရစ်သူတွေ က ဆိုပါတယ်။

လူ ၄၀၀ လောက် ပါတဲ့ အဲဒီ အုပ်စု မှာ အဓိက က မြန်မာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်ကြတယ်လို့ အသက်ရှင် ကျန်ခဲ့သူတွေ က ပြောပါတယ်။

သူတို့ ကို စက်မပါတဲ့ လှေတစ်စင်းပေါ်တင်ပြီး အစားအစာ နဲ့ ရေနည်းနည်း နဲ့ ဒီဇင်ဘာလ အတွင်း က ပင်လယ်ထဲ ပြန်မျှောထားခဲ့တယ်လို့ သူတို့က ပြောပါတယ်။ လူလေးယောက် ကို လက် ကြိုးတုပ်ပြီး၊ ရေထဲ ပစ်ချခဲ့တယ်လို့ သူတို့ က ဆိုကြပါတယ်။

အဲဒီ လူ ၄၀၀ ထဲ က အများစု က ရေနစ်သွားခဲ့ကြပြီး၊ ၁၀၀ လောက် က အိန္ဒိယ နိုင်ငံ အန်ဒမန် ကျွန်းတွေ ကို ရောက်သွားခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG