သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကလေးငယ်တဦး ကြက်ငှက်တုပ်ကွေးကူးစက်ခံရ


တရုတ်ပြည်မြောက်ပိုင်း ဆေးရုံတစ်ရုံ မှာ အသက် ၂ နှစ် အရွယ် မိန်းခလေးတစ်ယောက် ကို စစ်ဆေးစမ်းသပ်ရာမှာ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်နေတာ ကို တွေ့ရှိရပါတယ်။ ကလေး က တော်တော်ကြီး မကျန်းမမာ ဖြစ်နေတယ် လို့ တရုတ် အရာရှိတွေ က ပြောပါတယ်။

မိန်းခလေး ဟာ ဟူနန်ပြည်နယ် အလယ်ပိုင်း က ဖြစ်ပြီး၊ ဇန်နဝါရီလ ၇ ရက်နေ့ မှာ စတင်နေထိုင်မကောင်း ဖြစ်လာခဲ့တာပါ။ နောက် ၄ ရက်အကြာမှာ သူနေထိုင်ရာ ပြည်နယ်ဆေးရုံ ကို တင်လိုက်ရပါတယ်။

ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ် ဘယ်လို ကူးစက်ခဲ့တယ် ဆိုတာကိုတော့ ကျန်းမာရေး ဝန်ကြီးဌာန က မပြောပါဘူး။

ကလေး နဲ့ နီးနီးကပ်ကပ်နေသူတွေ အားလုံး ကို ကျန်းမာရေးဌာန က စောင့်ကြည့်နေကြပါတယ်။ အခုထိတော့ အဲဒီသူတွေ ဘယ်သူ မှ မကျန်းမမာ မဖြစ်ကြသေးပါဘူး။

၂၀၀၃ ခုနှစ်က စပြီးတော့ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ် ဖြစ်ပွါးလာကတည်း က ဆိုရင် လူ ၂၄၈ ယောက် သေဆုံးခဲ့ကြတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG