သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာရက် အိုဘားမား နဲ့ တရုတ်အစိုးရ


ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေတဲ့ဒဏ်ကို ဒီနှစ်တလနှစ်လုံး ခံရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒီလို ကမ္ဘာ့စီးပွားရေး ကျဆင်းနေတာကို ရပ်တန့်သွားအောင် လုပ်နိုင်သူဟာ အမေရိကန်ပါပဲ။ အမေရိကန် စီးပွားရေး နာလန်ထလာတာနဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုလည်း ရပ်တန့်သွားပါလိမ့်မယ်လို့ ယူဆနေကြပါတယ်။ စီးပွားရေးနာလန်ထအောင် ဘယ်ပုံဘယ်နည်း နဲ့ လုပ်မယ်ဆိုတာကို အမေရိကန်ပညာရှင်အဖွဲ့က တင်ပြပြီး သမ္မတသစ် အိုဘားမား က ဆုံးဖြတ်လုပ်ဆောင်သွားပါလိမ့်မယ်။

မြန်မာအရေးမှာ အမေရိကန် နဲ့ တရုတ်တို့ဟာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် သူတို့အချင်းချင်း ဆက်ဆံရာမှာတော့ တဦးအပေါ်တဦး မှီခိုနေရပါတယ်။ သမ္မတသစ် အိုဘားမား လက်ထက်မှာ ဖြစ်ပေါ်လာနိုင်မယ့် တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေကို ဦးအောင်ခင်က မညိုညိုလွင် (ဗွီအိုအေမြန်မာ) တို့နဲ့ အတူ သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG