အမေရိကန်သမ္မတအဖြစ် ဒီနေ့ သက်တမ်းကုန်ဆုံးတော့မယ့် ဂျော့ချ်ဘုရှ်က သူ့ရဲ့
သက်တမ်း ၈ နှစ်တာကာလအတွင်း ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ကမ္ဘာ့
ခေါင်းဆောင် အများအပြားကို မနေ့က တယ်လီဖုန်းဆက် ကျေးဇူးတင်စကား ပြောဆို
ပါတယ်။
ရုရှားဝန်ကြီးချုပ် ဘလာဒီမာ ပူတင် (Vladimir Putin)၊ ရုရှားသမ္မတ ဒီမီထရီ မက်ဗီ
ဒက်ဗ် (Dmitri Medvedev)၊ အစ္စရေးလ်သမ္မတ ရှီမွန် ပီရက်စ် (Shimon Peres)၊
ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy)၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ
မာကဲ (Angela Merkel) တို့ထံ သမ္မတဘုရှ်က ကျေးဇူးတင်စကား ပြောကြားပါတယ်။
မစ္စတာဘုရှ်ဟာ အမေရိကန်သမ္မတအဖြစ် နောက်ဆုံးနေ့မှာ ဘရာဇီးသမ္မတ၊
တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak)၊ ဗြိတိသျှဝန်ကြီးချုပ်
ဂေါ်ဒွန် ဘရောင်း (Gordon Brown)၊ ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso)၊
ဒိန်းမတ်ဝန်ကြီးချုပ်တို့အပြင် ယခင် မက္ကဆီကိုသမ္မတ ဗင်းဆင့်တေး ဖော့က်စ်
(Vicente Fox) တို့ထံ တယ်လီဖုန်းဆက် နှုတ်ခွန်းစကား ပြောဆိုပါတယ်။
ဘရက်ခ် အိုဘားမား အမေရိကန်သမ္မတအဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုအပြီး အိမ်ဖြူ
တော်ကို ပြောင်းလာတော့မှာမို့ မစ္စတာဘုရှ်လည်း ဒီနေ့ပဲ အိမ်ဖြူတော်ကဆင်းပြီး
တက္ကဆက်ပြည်နယ်မှာ သွားနေမှာဖြစ်ပါတယ်။
လေးနာရီစောကာ မစ္စတာအိုဘားမားရဲ့ပစ္စည်းများ သယ်ဆောင်လာမှာဖြစ်သလို
မစ္စတာဘုရှ်ရဲ့ ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြပါလိမ့်မယ်။