အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဘရက်ခ် အိုဘားမား (Barack
Obama) သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ အမေရိကန်
ပြည်ထောင်စုနဲ့ စစ်ရေးအရ ဆက်ဆံရေးကို ပိုအားကောင်းအောင်လုပ်ဖို့ တရုတ်နိုင်ငံ
က နှိုးဆော်လိုက်ပါတယ်။
ဆက်ဆံရေးတိုးတက်စေဖို့ရာမှာ အတားအဆီးတွေကို ဖယ်ရှားရေးဟာ အမေရိကန်
ပေါ်မှာ မူတည်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
ဟူ ကျန်မင်း (Hu Changming) က ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါ
တယ်။
အတားအဆီးတွေက ဘာတွေဆိုတာကို သူက တိတိကျကျ ပြောမသွားပေမယ့်
ထိုင်ဝမ်နဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ တရုတ်က အမေရိကန်ပြည်ထောင်စုကို
ထပ်ခါတလဲလဲ တောင်းဆိုခဲ့ဖူးပါတယ်။
အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ရောင်းနေတာဟာ နှစ်နိုင်ငံ စစ်ဖက်
ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို
ခြိမ်းခြောက်နေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး လျန် ဂွမ်လီး (Liang Guanglie)
က အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်ဟောင်း ရစ်ချတ်ဒ် မိုင်ယာစ် (Richard Myers) ကို
ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။