သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ လူသန်းနဲ့ချီ လာဖို့ရှိ


အမေရိကန်ပြည်ထောင်စုရဲ့ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေထဲကနေ ပထမဆုံး
အမေရိကန်သမ္မတအဖြစ် ဘရက် အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကြည့်ကြဖို့အတွက်
များပြားလှတဲ့လူတွေဟာ ဝါရှင်တန်ဒီစီမြို့တော်က ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပမယ့်နေရာစီကို
တဖွဲဖွဲသွားနေကြပါတယ်။

ရေခဲမတတ်ချမ်းအေးလှတဲ့ ရာသီဥတုကိုအန်တုပြီး သမိုင်းဝင်အခမ်းအနားကို ကိုယ်တိုင်
ကိုယ်ကျကြည့်ရဖို့အတွက် လူပေါင်း ထောင်ပေါင်းများစွာတို့ဟာ အခမ်းအနားကျင်းပမယ့်
နေရာဆီ အရုဏ်မတင်ခင်ကတည်းက သွားနေခဲ့ကြတာပါ။

မစ္စတာအိုဘားမားဟာ သူ့အရင်သမ္မတတွေ လုပ်ခဲ့သလိုပဲ သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်း
မှာရှိတဲ့ စိန့်ဂျွန်းဘုရားရှိခိုးကျောင်း မှာ ထုံးတမ်းစဉ်လာဝတ်ပြုပွဲတခုနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ
နေ့ကို စတင်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ရွေးကောက်ခံသမ္မတနဲ့ ဇနီးဖြစ်သူ မီရှဲလ်၊
ရွေးကောက်ခံဒုတိယသမ္မတနဲ့ ဇနီးဖြစ်သူ Jill တို့ဟာ သမ္မတ ဂျော့ဂျ်ဘုရှ်တို့ဇနီးမောင်နှံနဲ့
အတူ အိမ်ဖြူတော်မှာ ကော်ဖီအတူသုံးဆောင်ကြပါတယ်။

အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အဦးခြေရင်းမှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆို
ပွဲကို ရေခဲအောင်အေးလှတဲ့ ရာသီ ဥတုအောက်မှာပဲ လူတသန်းကျော်လာလိမ့်မယ်လို့ ခန့်မှန်း
ထားကြပါတယ်။မနက် ၉ နာရီ ၅၅ မိနစ်ထဲက ကော်ဖီပွဲနဲ့စတင်မယ့် အစီအစဉ်အရ ဒေသ
စံတော်ချိန် အင်္ဂါနေ့ နေ့လည် ၁၂ နာရီမှာ ရွေးကောက်ခံသမ္မတ အိုဘားမား ကျမ်းသစ္စာ
ကျိန်ဆိုမှာဖြစ်ပါတယ်။

XS
SM
MD
LG