သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရက်ခ် အိုဘားမား ၄၄ ဦးမြောက် အမေရိကန်သမ္မတသစ် ဖြစ်လာ


အမေရိကန်တွေအနေနဲ့ မိမိနဲ့အတူ နိုင်ငံတာဝန်၊
ကမ္ဘာ့တာဝန်ယူရင်း ခေတ်သစ်ထဲကို ဝင်ကြပါစို့
လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack
Obama) က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်
နိုင်ငံ စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများ
နဲ့ ကြာမြင့်နေတဲ့ စစ်ပွဲနှစ်ပွဲ ဆင်နွှဲနေရတဲ့အချိန်
အဲဒါတွေကျော်လွှားနိုင်ရေး အမေရိကန်တွေ အတူ
တကွ လုပ်ဆောင်ကြပါလို့လည်း သမ္မတဖြစ်လာသူ
ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

ဝါရှင်တန်မြို့တော် အမျိုးသားရင်ပြင်မှာ
လူတသန်းကျော် တက်ရောက်တဲ့ ပရိသတ်ကြီးကို
အမေရိကန်နိုင်ငံရဲ့ ၄၄ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရင်း ဘရက်ခ်
အိုဘားမားက အဲဒီလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံ
ရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား သမ္မတ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ လောဘရမ္မက်နဲ့ စုပေါင်းလွဲချော်မှုများကြောင့်
အကျပ်အတည်းဖြစ်ရတယ်၊ အိမ်ဖြူတော်ကိုရော ကွန်ဂရက်စ်လွှတ်တော်ကိုပါ ဒီမို
ကရက်တို့ လွှမ်းမိုးထားတဲ့အချိန် နိုင်ငံရေးအငြင်းပွားမှုတွေ ဘေးဖယ်ထားကာ နိုင်ငံရဲ့
စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်ဖို့၊ အလုပ်အကိုင်သစ်များ ဖန်တီးဖို့ လျှင်မြန်ရဲဝံ့စွာ
လုပ်ဆောင်ကြရလိမ့်မယ်လို့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါ
တယ်။

နိုင်ငံခြားဝါဒများနဲ့ ပတ်သက်လို့ အီရတ်နိုင်ငံကနေ တာဝန်ရှိစွာထွက်ခွာပြီး အာဖဂန်
နစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေရမယ်၊ အမေရိကန်ရဲ့စိတ်ဓာတ်ဟာ ကြံ့ကြံ့ခိုင်မာ
အင်အားကြီးလို့ မဖြိုခွင်းနိုင်ဘူး၊ အဲဒါကြောင့် အကြမ်းဖက်သမားများကို အနိုင်ယူရမယ်
လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG