မြန်မာနိုင်ငံက ထွက်ပြေးလာကြသူတွေကို ထိုင်းစစ်တပ်က ပင်လယ်အတွင်း မောင်းထုတ်လိုက်လို့ ရာဂဏန်းနဲ့ချီကာ သေဆုံးကုန်ကြတယ်လို့ စွပ်စွဲထားတဲ့အတွက် မြန်မာ ဒုက္ခသည်များနဲ့ ကုလသမဂ္ဂ ပါရဂူများနဲ့ တွေ့ခွင့်တောင်းတာကို ထိုင်းအစိုးရက လက်မခံ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စကို စုံစမ်းချင်ရင် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ ထိုင်းအစိုးရ တာဝန်ခံများကိုသာ တွေ့ကြရမှာလို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝက်ချာချီဝက်က ပြောပါတယ်။
မြန်မာဒုက္ခသည် ၁၀၀၀ လောက်ကို အသက်ရှင်လောက်တဲ့ ပစ္စည်းနဲ့ အခြေအနေမရှိဘဲ ထိုင်းစစ်တပ်က ပင်လယ်တွင်း မောင်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပြီးနောက် အင်္ဂါနေ့မှာ UNHCR ကုလသမဂ္ဂနဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည် ၁၂၆ ယောက် နိုင်ငံတကာရဲ့ အကာအကွယ် အစောင့်အရှောက်များ လိုအပ်သလားဆိုတာ မေးမြန်းဖို့ တွေ့ခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့တာပါ။ ဒီစွပ်စွဲချက် မဟုတ်မမှန်ဘူးလို့ ထိုင်းစစ်တပ်က ငြင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် အဘီဆစ်က အဲဒီလို လုပ်သလားဆိုတာကို မိမိအစိုးရက စုံစမ်းသွားမယ်လို့ ကတိပြုရင်း တရားမဝင် လူတွေ လိမ့်ဝင်လာတာကို မိမိနိုင်ငံအနေနဲ့ ကာကွယ်ခွင့်ရှိကြောင်းလည်း ခုခံ ပြောဆိုသွားပါတယ်။