ကမ္ဘာမှာ လူသိများလှတဲ့ အမေရိကန် သမ္မတကတော်ဟောင်းလဲဖြစ်၊ နယူးယောက်ခ် အထက်လွှတ်တော် အမတ်ဟောင်းလဲဖြစ်တဲ့ ဟေလာရီ ကလင်တန် ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါပြီ။ အမေရိကန်သမိုင်းမှာ သမ္မတကတော် ဖြစ်ခဲ့သူတဦးအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးခံယူတဲ့ ပထမဆုံးသော အမျိုးသမီးဖြစ်သူ မစ္စစ် ကလင်တန်အနေနဲ့ နိုင်ငံခြားရေးမူဝါဒ ဘယ်အချက်တွေကို ဦးစားပေးဖို့ ရှိပါသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်ရှင်။