သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဖျက်ချမှုအတွက် ရန်ပုံငွေပြန်ပေးဖို့ အိုဘားမား အမိန့်ထုတ်


ကိုယ်ဝန်ဖျက်ချတာနဲ့ဆိုင်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမေရိကန်က ရန်ပုံငွေ ထောက်ပံ့လို့မရအောင် တားမြစ် ပိတ်ပင်ထားတာကို အမေရိကန်သမ္မတ ဘရက် အိုဘားမားက ပယ်ဖျက်လိုက်ပါပြီ။

ကန့်သတ်ထားတာကို ပယ်ဖျက်တဲ့အကြောင်း သူ့ရဲ့သမ္မတသက်တမ်း သုံးရက်မြောက် ဖြစ်တဲ့ သောကြာနေ့မှာ သမ္မတအိုဘားမား က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန် ခဲ့ပါတယ်။

ပိတ်ပင်ထားတာအရဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာအခြေစိုက်ပြီး ကိုယ်ဝန် ဖျက်ချတာနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေ၊ အကြံပေးလမ်းညွှန်တာတွေ ဒါမှမဟုတ် လွှဲပြောင်းပေးတာတွေ စတဲ့ ၀န်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်က ရန်ပုံငွေမထောက်ပံ့ဖို့ တားမြစ်ထားပါတယ်။

နိုင်ငံတကာက မိသားစုစီမံကိန်းဆိုင်ရာ အထောက်အပံ့ကိစ္စကို နိုင်ငံရေးအရ အကွဲကွဲအပြားအပြားဖြစ်စေတဲ့ ကိစ္စတရပ်အဖြစ် ကာလရှည်ကြာ အသုံးပြုလာခဲ့ကြတယ်လို့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတအိုဘားမားက ပြောထားပါတယ်။ သူ့အခေါ်အရဆိုရင် ဟောင်းနွမ်းပြီး ဘာမှ အကျိုးမရှိတဲ့ ငြင်းခုန် ဆွေးနွေးတာတွေကို ဆက်မလုပ်ချင်တော့ဘူးလို့ ဆိုပါတယ်။

တားမြစ်ပိတ်ပင်ချက်ကို ၁၉၈၄ ခုနှစ်မှာ သမ္မတ ရော်နယ်လ်ဒ် ရေဂင်က စတင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီမိုကရက် အစိုးရတွေတက်လာရင် ပယ်ဖျက်ပစ်ပြီး ရီပတ်ဘလီကန်အစိုးရတွေ တက်လာရင် ပြန်ပြဌာန်းကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG