အမေရိကန် ပြည်ထောင်စုရဲ့သမ္မတသစ် ဘာရတ်ခ် အိုဘားမား (Barak Obama) ဟာ မြန်မာနိုင်ငံအပေါ်မှာ တင်းမာတဲ့ သဘောထားတွေ၊ တင်းမာတဲ့ ဆက်ဆံရေး ဖိအားပေးမှုတွေကို ရုပ်သိမ်းပြီးတော့ ပျော့ပျောင်းတဲ့နည်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက် ချဉ်းကပ် လေမလားဆိုတာကို အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၊ ယူရို ဘားမား ရုံးက ဦးဟန်ညောင်ရွှေတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။