သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ပြန်လည်ဦးမော့ရေး အစီအစဉ် အတည်ဖြစ်ရေး သမ္မတ အိုဘားမား ကြိုးပမ်းနေ


အမေရိကန် ဒေါ်လာ ၈၂၅ ဘီလီယံ သုံးစွဲမယ့် အမေရိကန် စီးပွားရေးကို နိုးဆွပေးမယ့် အစိုးရရဲ့ အစီအစဉ်အပေါ် ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိဖို့ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား အကြီးအကျယ် ကြိုးစားနေပါတယ်။ ဒီစီးပွားရေး ကျားကန်ပေးရေး အစီအစဉ်ကို ရှေ့လထဲမှာ ကွန်ကရက် လွှတ်တော်မှာ မဲပေးဆုံးဖြတ်နိုင်ရေးအတွက် အတိုက်အခံ ရီပတ်ဗလစ်ကန် အမတ်တွေကို သမ္မတ အိုဘားမားက လာမယ့် သတင်းပတ်ထဲမှာ စည်းရုံးပါလိမ့်မယ်။

အခုလို စီးပွားရေး ပြန်လည် နလန်ထူရေး အကူအညီပေးမယ့် အစီအစဉ်ဟာ အမေရိကန် နိုင်ငံ ကို သာယာဝပြောတဲ့ နိုင်ငံ ပြန်ဖြစ်အောင်လို့ အထောက်အကူ ပေးလိမ့်မှာ ဖြစ်တယ်လို့ သမ္မတအဖြစ် နိုင်ငံတော်ကို အပတ်စဉ်ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG