သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွာတာနာမိုက အထိန်းသိမ်းခံတွေကို အမေရိကန်မြေမှာ ဆက်ထားမှာမဟုတ်


အမေရိကန်ပြည်ထောင်စုရဲ့ ဂွာတာနာမို ပင်လယ်ကွေ့ အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ မသင်္ကာဖွယ် အကြမ်းဖက်သမား အကျဉ်းသားအများစုကို သူတို့ရဲ့မိခင်နိုင်ငံ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို တနှစ်အတွင်းမှာ ပို့ပေးနိုင်မယ်လို့ ခန့်မှန်းတဲ့အကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) က ပြောပါတယ်။

တကယ်လို့ အကျဉ်းသားတွေကို သူတို့ရဲ့နိုင်ငံတွေက ပြန်ပြီးလက်မခံရင်တောင်မှ အကျဉ်းသားတွေ အမေရိကန်ပြည်ထောင်စုက ထွက်ခွာနိုင်ဖို့ တွက်ထားတယ်လို့ မစ္စတာဂျိုးဘိုင်ဒန်က တနင်္ဂနွေနေ့က ရုပ်မြင်သံကြားသတင်းတခုမှာ ပြောသွားပါတယ်။

အငြင်းပွားစရာဖြစ်နေတဲ့ ဂွာတာနာမို အကျဉ်းစခန်းကို တနှစ်အတွင်းမှာ ပိတ်ပစ်ဖို့ အမိန့်တရပ်ကိုလည်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြာသပတေးနေ့ကပဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဲဒီအကျဉ်းစခန်းမှာရှိတဲ့ အကျဉ်းသား ၂၄၅ ဦးစလုံးနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့၊ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေကို ဘယ်လိုအရေးယူမလဲ ဆုံးဖြတ်ဖို့ သမ္မတ အိုဘားမားက အမိန့်ထုတ်ခဲ့ပါတယ်။

ဒါပေမယ့် ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်လိုက်လို့ တချို့ အန္တရာယ်သိပ်ကြီးတဲ့ အကျဉ်းသားတွေကို လွှတ်ပေးလိုက်သလိုဖြစ်သွားမှာ စိုးရိမ်တဲ့အကြောင်း ဥပဒေပြုအမတ်တချို့က ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG