သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ပထမဆုံးအမှု စတင်စစ်ဆေး


နယ်သာလန်နိုင်ငံ သည်ဟိဂ် (The Hague) မြို့မှာ
ရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ)
မှာ ကွန်ဂိုပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတဦး
ဟာ ပထမဦးဆုံး တယောက်အနေနဲ့ တရားခွင်
တင် စစ်ဆေးခံနေရပြီ ဖြစ်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ အရှေ့ခြမ်းမှာ လန်ဒူလူမျိုးစုတွေကို သတ်ပစ်ဖို့ ကလေးစစ်သားတွေကိုခန့်ထားပြီး အမိန့်ပေးတဲ့ကိစ္စရပ်နဲ့ တရားစွဲခံထားရတာကို တောမတ်စ် လူဘန်ဂါ (Thomas Lubanga) က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

အခုလို တရားရုံးတင် စစ်ဆေးတာကြောင့် လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ရာဇဝတ်မှုကနေ ကင်းလွတ်လို့ ရနိုင်မယ့်နေ့ရက်တွေဟာ ကုန်ဆုံးသွားပြီဆိုတဲ့ သတင်းစကားမျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ယူဆကြပါတယ်။

ကွန်ဂို၊ ယူဂန္ဓာ၊ ဆူဒန်နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတွေက စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အိုင်စီစီရှေ့နေတွေက စုံစမ်းမှုတွေလုပ်နေတာ ဖြစ်ပါတယ်။ အဆိုးဆုံးစစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ အိုင်စီစီတရားရုံးကို နယ်သာလန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခု မစ္စတာလူဘန်ဂါကတော့ ပထမဆုံး တရားခံအဖြစ် ရုံးတင်ခံရတာ ဖြစ်ပါတယ်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံက သဘောတူထားတဲ့ ပဋိညာဉ်အပေါ်မှာ အခြေခံပြီး အခုတရားရုံးကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG